Chapter 10

1.4K 171 37
                                    

မနက် ၁နာရီ ၄၇မိနစ်

သူမယခုကဲ့သို့ ရင်ထဲပေါ့ပါးကာ ပျော်ရွှင်သလိုမျိုး မခံစားရသည်မှာ ရက်အနည်းငယ်ကြာခဲ့ပြီ၊ သို့သော် သူမရုတ်ချင်းကြီး စတင်ကာစိတ်မချသလို ခံစားလာရသည်။ Jungkookရဲ့ ကျေးဇူးပဲပေါ့ နောက်ပြီး ဟီကာရီကြောင့်လည်း ဖြစ်နိုင်သည်။

ဒီလိုနဲ့သူမအဆောင်သို့ ပြန်ရောက်လာကာ တကိုယ်ရေသန့်ရှင်းပြီးသည်နှင့် ကုတင်ထက်လဲလျောင်းလိုက်သည်။ သူမဖုန်းအသစ်လေးအား လော့ခ်ဖြည်ပြီးသည်နှင့် မက်ဆေ့ခ်ျထဲဝင်ကာ Jungkookရဲ့နာမည်ကို ရှာလိုက်သည်။ သူမရဲ့ Contact listထဲတွင် သူ့နံပါတ်အား သူကိုယ်တိုင်မှတ်ပေးခဲ့သည်ကို သူမမှတ်မိသည်။

" ကိုရေ၊ ပြန်ရောက်တာနဲ့ ချက်ချင်း စာပို့နော် "

ဒါဟာ နောက်ဆုံးပို့လိုက်သော မက်ဆေ့ခ်ျဖြစ်သော်ငြား သူအခုချိန်ထိ မဖတ်ရသေးပေ။ သူမသက်ပြင်းချကာ ကုတင်ရဲ့အခြားတဖက်သို့ လှိမ့်ကာ ဖုန်းကိုထပ်ကြည့်လိုက်သည်။ ဦးနှောက်တွင် သူ့အားဖုန်းဆက်ရန်၊ မဆက်ရန် လွန်ဆွဲလို့နေသည်။ မိနစ်တို့ကတဖြေးဖြေး ကုန်ဆုံးလာသည် သူမကတော့ နှုတ်ခမ်းကိုက်ကာ ဘာဆက်လုပ်ရမည်ကို စဉ်းစားနေတုန်း

" ဖုန်းလေးခေါ်တာပဲဟာ ဟုတ်တယ်မလား?" သူမကတိုးချစွာ ရေရွတ်ရင်း ဖုန်းခေါ်ဆိုသည့်ခလုတ်ကို နှိပ်လိုက်သည်။

ဖုန်းမြည်နေပါသော်လည်း ကိုင်မည့်သူမရှိပေ။ ဖုန်းကိုချကာ သက်ပြင်းချ၍ မိနစ်အနည်းငယ်ခြားကာ ဆက်တိုက်ခေါ်နေမိသည်။ ထိုကဲ့သို့ လုပ်နေခဲ့သည်မှာ ဖုန်းကိုလက်၌ကိုင်ရင်း အိပ်ပျော်သွားသည်အထိပင်ဖြစ်သည်။

- နောက်တနေ့မနက် -

သူမတို့အဖွဲ့ဝင်တယောက်မှ တံခါးလာခေါက်တာကြောင့် သူမနိုးလာခဲ့သည်။ " အင်း ငါနိုးပြီ" ကုတင်ပေါ်မှ အော်ပြောလိုက်ကာ စိတ်နှင့်ကိုယ်ကပ်သည်အထိ ကုတင်ထက်လူးလိမ့်ရင်း မျက်လုံးထိုင်ပွတ်နေလိုက်သည်။

ရုတ်တရက် မနေ့ညကအကြောင်း သူမခေါင်းထဲဝင်လာကာ အလျင်အမြန်သူမရဲ့ဖုန်းလေးအား ရှာလိုက်သည်။ သူမအိပ်ပျော်နေစဉ် သူဖုန်းခေါ်ထားလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း သူ့ထံမှ မက်ဆေ့ခ်ျတစောင်သာ ရရှိခဲ့သည်။

International Playboy //Myanmar Translation//Where stories live. Discover now