Chapter 13

2.8K 192 59
                                    

ရင်းနှီးနေပါသော ringtoneသံတခုဖြင့် သူမနိုးထလာခဲ့သည်။ သူမမျက်လုံးကို ဖြေးညှင်းစွာပွတ်သပ်ရင်း မနေ့ညက ချထားခဲ့သော Alarmကိုဖျက်ရန် သူမဖုန်းကို စတင်ရှာဖွေလိုက်သည်။ သူမမျက်လုံးက ဘယ်ဘက်သို့ လှမ်းကြည့်လိုက်သော် ထုံးစံအတိုင်း အပေါ်ပိုင်းဗလာနှင့် ငြိမ်းချမ်းစွာ အိပ်မောကျနေသော သူ့ကိုတွေ့လေသည်။

သူ့ရဲ့မျက်နှာလေးအား သေချာမြင်ခွင့်ရရန် ကိုယ်ကိုအနည်းငယ် ရွှေ့လိုက်ရင်း သူမရဲ့မျက်လုံးတွေကလည်း သူ့ရဲ့ဆံသားအိအိလေးတွေကနေတဆင့် သူ့ရဲ့မျက်တောင် ရှည်ရှည်လေးတွေထံ တဖြေးဖြေး ဆင်းသက်လို့နေရာ ထိုမှတဆင့် သူ့ရဲ့နှာတံ၊ နမ်းချင်စဖွယ်ကောင်းလှသော နှုတ်ခမ်းပါးနှင့် ချွန်ထက်လှသော မေးရိုးတို့ထံ တဝကြီးငေးမောလျက်။

Jungkookဟာ ပြည့်စုံသောလူတယောက်ဖြစ်မှန်း သူမသိသည်။ ရုပ်ရည်တင်ပြည့်စုံသည်မဟုတ် သူဘာလုပ်လုပ် သူမရဲ့မျက်လုံးထဲ အလွန်ကိုပြည့်စုံနေသည်။

သူ့ရဲ့ဆံပင်တွေနဲ့ ဆော့ကစားရန် သူမလက်လှမ်းလိုက်ပါသော်လည်း လမ်းတဝက်၌ပင် သူမလက်တို့ ပြန်ရုတ်လိုက်သည်။

' ငါတကယ်လို့ သူ့ကိုထိမိလိုက်ရင် နိုးချင်နိုးလာလိမ့်မယ်။ တကယ်လို့ သူနိုးလာရင် မနက်ပိုင်း Scheduleသွားဖို့ ဘယ်နည်းနဲ့မှ ငါ့ကိုလွှတ်ပေးမှာ မဟုတ်တော့ဘူး' သူမထိုကဲ့သို့ တွေးမိသည်နှင့် သက်တောင့်သက်သာရှိလှသော ကုတင်ပေါ်မှ ဖြေးညှင်းစွာထ၍ ပစ္စည်းအားလုံး သိမ်းကျုံးယူရင်း ဘာဆူညံမှ မထွက်စေဘဲ တိုးတိုးတိတ်တိတ် ထွက်လာခဲ့သည်။

သူမ ဘတ်စ်ကားပေါ်သို့ ရောက်ချိန် Jungkookထံ လှမ်း၍ သူမအရေးကြီး scheduleရှိသဖြင့် ပြန်သွားပြီဖြစ်ကြောင်း မက်ဆေ့ခ်ျ လှမ်းပို့လိုက်သည်။

'ဒီလောက်ဆိုရပြီ၊ ကိုနိုးလာရင် ဟာနာ့ကိုရှာမတွေ့လို့ စိတ်မပူလောက်တော့ဘူး' ထိုသို့တွေးတောရင်း သူမရဲ့အကြည့်တွေဟာ လမ်းမထက် ငေးမောလျက်...

နှစ်ရက်အတွင်းမှာပဲ သူမတို့အဖွဲ့ ပွဲဦးထွက်တော့မည်။ သူမကိုယ်တိုင်သည်လည်း စိတ်လှုပ်ရှားသလို ရင်ခုန်နေမိသည်။ သူမအား ပရိသတ်တွေသိပြီးနောက်ပိုင်း သူမနှင့်Jungkookရဲ့ relationshipကို တရားဝင်ချပြခွင့်ရရန် သူမဆုတောင်းမိသည်။ သူမတကယ်ကို ဆုတောင်းမိသည်။

You've reached the end of published parts.

⏰ Last updated: Jul 09, 2019 ⏰

Add this story to your Library to get notified about new parts!

International Playboy //Myanmar Translation//Where stories live. Discover now