Chapter 9

1.7K 165 48
                                    

သူမကို လက်ကိုင်ပုဝါနှင့်အုပ်ထားသည့် သူစိမ်းသည် မေ့မျောစေမည့်အရာတခုခု သုတ်လိမ်းထားမည်ထင်၍ မကြာခင် သူမမေ့လဲတော့မည် အောက်မေ့ကာ ကြောက်စိတ်မွှန်နေမိသည်။ သို့သော်ထင်ထားသည်နှင့်မတူ သူမကို ဖမ်းချုပ်ထားသည့်လူရဲ့လက်ထဲမှ လွတ်မြောက်အောင် အခုထိ ရုန်းကန်နိုင်သေးသည်။

သူမပါးစပ်ကိုပိတ်ရန် ကြိုးစားနေသည့် ထိုလူရဲ့လက်ဖဝါးနှင့် လက်မောင်းကိုကြည့်ခြင်းအားဖြင့် ဤလူဟာ အလွန်သန်မာသည့် ယောကျာ်းတယောက်ဖြစ်မှန်း သူမရိပ်မိသည်။ ဘယ်လောက်ပင် ရုန်းကန်နေသော်ငြား ထိုလူရဲ့လက်ထဲမှ မလွတ်မြောက်နိုင်ပေ။ တခဏအတွင်း မှောင်မိုက်သော လမ်းကြိုလမ်းကြားထဲသို့ သူမကို ခေါ်ဆောင်သွားကာ ကားပေါ်တင်လိုက်သည်။ ပြောရရင်တော့ အလွန်ပင် ရင်းနှီးသော ကားတစီး။

Jeon Jungkook ၊သိပ်မကြာသေးခင်က သူမလွမ်းဆွတ်နေခဲ့ပါသော မကောင်းတဲ့ကောင်သည် ကားထဲသို့ အပြေးတပိုင်း ပြေးဝင်ရင်း ယာဉ်မောင်းခုံတွင် တက်ထိုင်ကာ တံခါးကိုလော့ခ်ချလိုက်သည်။ ထို့်နောက်အသက်ကို အငမ်းမဝရှူရှိုက်ရင်း သူမနှင့်မျက်နှာချင်းဆိုင်လိုက်သည်။

"ဘာလို့မင်းနဲ့ ဆက်သွယ်ဖို့ ဒီလောက်ခက်နေရတာလဲ? ဘယ်တွေရောက်နေခဲ့လဲ ပြော... ဘာကိစ္စ ဖုန်းလည်းမကိုင် မက်ဆေ့ခ်ျလည်းမပြန်ရတာလဲ?" မေးခွန်းပေါင်းများစွာနှင့် ပစ်ပေါက်နေသော်လည်း သူမတုတ်တုတ်မှမလှုပ် သူ့ကိုသာ စိုက်ကြည့်နေမိသည်။ တကယ်တော့ သူမသူ့ကို သိပ်လွမ်းနေခဲ့တာ။

သူဟာ မကောင်းတဲ့ ယောကျာ်းတယောက်ဖြစ်ပြီး တခါတရံ သူမစိတ်ဆိုး ဒေါသထွက်ကာ မျက်ရည်ကျရတဲ့ အကြောင်းအရင်းက သူဖြစ်နေသော်ငြား သူမသူ့ကိုသိပ်ချစ်နေမိတဲ့ အချက်ကတော့ ရှောင်လွှဲ၍မရပေ။ အချိန်တိုင်း စက္ကမ့်တိုင်း သူမသူ့ကိုသိပ်လွမ်းသည်။ ဘယ်တော့မဆို သူမအား စိုးရိမ်နေသော အမူအရာကိုမြင်ရသည်နှင့် သူမရဲ့နာကျင်မှုတွေ မကောင်းတဲ့အတွေးတွေ ပျောက်ရှလို့သွားကာ သူ့ကိုပွေ့ဖက်ပြီး ဘယ်တော့မှ မလွှတ်ပေးချင်တော့သည်က သူမစိတ်ထဲရှိ တခုထဲသောအရာ ဖြစ်လို့သွားသည်။

International Playboy //Myanmar Translation//Where stories live. Discover now