Chapter 2

3.6K 237 25
                                    

" ဒါ...ပထမဆုံး ငါ့​နောက်​ကွယ်​မှာ ​ခြေရှုပ်​ခြင်းလား?ပြော? ဒါမှမဟုတ်​ ဒါကပထမဆုံး မဟုတ်​တာလဲ ဖြစ်​နိုင်​တာပဲ Jeon Jungkook?" တဲ့တိုး​မေးမြန်းလိုက်​​သော ​မေးခွန်းအ​ပေါ် Jungkookတခဏတာ ငြိမ်​သက်​သွားသည်​ သိပ်​မကြာ သူမမြင်​ဖူးသမျှထဲ အလွန်​ပင်​ ဝမ်းနည်း​ကြေကွဲ​နေဟန်​ သူ​ပြောင်းလဲခဲ့သည်

"ကိုသိ​နေတယ်​... ဒီကိစ္စက အ​နှေးနဲ့အမြန်​ မင်းနားထဲ​ရောက်​လာမှာ ကိုခန့်​မှန်းမိပါတယ်​" ဆက်​၍စကားမခင်​ သူသက်​ပြင်းချလိုက်​တယ်​ "ဒီတကြိမ်​​တော့ သူတို့တကယ်​​အောင်​မြင်​သွားတာပဲ" သူမမျက်​နှာအား ​စေ့​စေ့မကြည့်​ခင်​ မျက်​နှာကြက်​သို့​မော့ကာ ဝမ်းနည်း​နေ​သော အမူအရာနှင့်​ ​ပြောလာသည်

"Jungkook...နင်​ဘာ​တွေ​ပြော​နေတာလဲ?" သူ့ရဲ့တုံ့ပြန်​မှုအား ​ဝေခွဲမရဖြစ်​​သွားသည်

"ဟာနာ မင်းနားမလည်​​သေးဘူးလား? ဒီလူ​တွေက ကို့ဂုဏ်​သိက္ခာကို ဖျက်​စီးချင်​​နေတာ! ကိုသူငယ်​ချင်း​တွေနဲ့ ​လျှောက်​လည်​ရုံကလွဲ ဘာမှမလုပ်​ခဲ့ဘူး sweetheart ​သေချာ​ပေါက်​ ကို့သူငယ်​ချင်း​တွေထဲ မိန်းက​လေး​တွေလည်း ပါတာ​ပေါ့... ကိုသူတို့နဲ့အတူရှိချိန်​ ဓာတ်​ပုံရိုက်​သွားပြီး ကို့ကို ခြိမ်း​ခြောက်​လာတယ်​!!အခု သူတို့ပါးစပ်​ကို ​ငွေနဲ့ပိတ်​ပြီးချိန်​မှာ​တော့ ကို့ရဲ့​ကောင်​မ​လေးက ကို့အ​ပေါ်သံသယ​တွေ ဝင်​​နေပြီ... ​တော်​​တော်​ကို ကံ​ကောင်းတဲ့​နေ့ပါလား" စကား​ပြောသွားသည့်​တ​လျှောက်​ သူ့ပုံစံသည်​ အလွန်​အမင်း စိတ်​ညစ်​ကာ ​ဒေါသထွက်​​နေပုံရသည်

"ဒ..ဒါ​ပေမဲ့ ဟိုလူကို​ပြောတုန်းက Dateတခုလုပ်​တာ ဆိုးဆိုးရွားရွား ဖြစ်​စရာ မလိုပါဘူးဆို... နင်​အခု​လေးတင်​ ဝန်​ခံလိုက်​တာ​လေ Jungkook" နှုတ်​က​ပြော​နေရင်း သူမတုန်​လှုပ်​​နေမိသည်​ သူမအထင်​လွဲ​နေတာလား?

"ဟာနာ...ကိုမင်းကို​မေးမယ်​" စကားဆုံးသည်​နှင့်​ သူမအနားသို့ နီးကပ်​စွာ တိုးလာကာ တခြားသို့မသွားနိုင်​ရန်​ ​ချောင်​ပိတ်​လိုက်​သည်​ "ကို့ကိုချစ်​လားဟင်​?" နားဖျား၌ကပ်​ကာ တိုးလျစွာ ​မေးလာ​သော သူ့အသံသည်​ လွန်​စွာ ဆွဲ​ဆောင်​မှုရှိသည်​ ​ခေါင်းငြိမ့်​၍ကလွဲ ဘာမှမလုပ်​တတ်​​တော့သည်​အထိ...

International Playboy //Myanmar Translation//Where stories live. Discover now