Chapter 2 သစ္စာရှင် ကျောင်းတော်ကြီး

2.1K 171 2
                                    


ဒီ သစ္စာရှင် ကျောင်းတော်ကြီးဟာ တောင်ပိုင်းဒေသမှာ တောင်ဘက်အစွန်ဆုံး ဒေသမှာ တည်ရှိပြီးတော့ တစ်ခါတုန်းက ဒီဒေသရဲ့ ကျောင်းတော်ကြီး ၄ ခုထဲက တစ်ခုအပါအ၀င်ပေါ့။ အခုခေတ်မှာတော့ တော်တော်ကို ရိုယွင်း နေပါပြီ။ ကျိုးပြည်နယ်မှာ ရှိတဲ့ တခြား ကျောင်းတော်တွေနဲ့ တောင်မှ ယှဉ်လို့ မရတော့ပါဘူး။

ဒီ သစ္စာရှင်ကျောင်းတော်ကြီးကို အရင်က ဒီနာမည်မခေါ်ခဲ့ကြပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် တစ်ထောင်တုန်းက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ သစ္စာရှင် ဂိုဏ်းချုပ်ကြီးက ဒီ ကျောင်းတော်မှာ ပေါ်ထွက်ခဲ့ပြီးတော့ ကျောင်းနာမည်ကို သစ္စာရှင် ကျောင်းတော်ကြီးလို့ နာမည်ပြောင်းခဲ့ပါတယ်။ သူဟာ သူ့ခေတ်အခါတုန်းက ပြိုင်ဘက်ကင်းခဲ့တယ်။

အခုတော့ သစ္စာရှင် ဂိုဏ်းချုပ်ကြီး ပျောက်ဆုံးနေတာ နှစ်ပေါင်း ၄၀၀ ကျော်ကြာခဲ့ပါပြီ။ ကျောင်းတော်ကြီးကို တခြားကျောင်းတော်တွေက တဖြည်းဖြည်း ၀ါးမျိုလာနေပါတယ်။ ဒါကြောင့် ကျောင်းသားအင်အားကို ဖြည်တင်းဖို့ သူတို့တွေက အနီးအနားက သာမာန်လူတွေ နေထိုင်တဲ့ ဆီကနေ ပါရမီ ရှိနိုင်တဲ့ လူလေးတွေကို ဖမ်းဆီးပြီးတော့ အတင်းအကျပ် ကျောင်းတော်ကို သွပ်သွင်းပါတော့တယ်။ သူတို့တွေ လူသိရှင်ကြား ကျောင်းသား မခေါ်ရဲတော့ပါဘူး။

မန်ဟိုနဲ့ အတူပါလာတဲ့ သူကတော့ ဖက်တီးလေးပါ။

"ငါ့ဘ၀တော့ သွားပါပြီ။ ငါအိမ်ပြန်ချင်တယ်။"
"ဆေးပါပဲ။ အိမ်မှာ ပေါက်စီတွေ ငါ့ကို စောင့်နေတယ်။ ငါ့အဖေရဲ့ မြေတွေကိုလည်း အမွေ ဆက်ခံရဦးမယ်။ ငါ အဘိုးကြီး ဖြစ်လာရင်လည်း မယားငယ်လေးတွေနဲ့ နှပ်နေလို့ရတယ်။ အခုတော့ သွားပါပြီ။ ငါ ဒီမှာ ကျွန်မခံချင်ဘူး။"

"မင်း သောက်စကား ထပ်ပြောရင် ငါမင်းလျှာကို ဖြတ်ပစ်မယ်။"

သူတို့ကို ခေါ်လာတဲ့ အစိမ်းရောင် ၀တ်စုံနဲ့ အင်မော်တယ်က ပြောလိုက်ပါတယ်။

မန်ဟိုကတော့ အခုလို အင်မော်တယ်တွေဆီေ၇ာက်လာတာ ကောင်းလားဆိုးလား ဝေခွဲမရ ဖြစ်နေပါတယ်။ သူတိတ်တိတ်လေးပဲ လိုက်လာပါတယ်။

ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ် ၁ - ၂)Where stories live. Discover now