Chapter 16 ( ဒီကိုလာစမ်း )

1.9K 196 11
                                    


#ကောင်းကင်တံခါးကို ငါပိတ်မယ်

စာစဉ် ၂

Chapter 16 ( ဒီကိုလာစမ်း )

ပတ်ဝန်းကျင်မှာ ကြည့်နေကြတဲ့ လူတွေလည်း မျက်နှာ သွေးဆုတ်ဖြူလျော်နေကြပါတယ်။ မန်ဟိုရဲ့ တိုက်ခိုက်မှုက ပြတ်သားပြီးတော့ အမုန်းတရားတွေနဲ့ ပြည့်နေတာပါ။ သူကိုယ်တိုင်တောင် သတိထားမိပုံ မရပါဘူး။ ဒီလို ကိစ္စမျိုးက ဖြစ်နေကြလို ဖြစ်နေသလိုပါပဲ။

ကြည့်နေကြတဲ့ လူတွေရဲ့ မျက်စိထဲမှာတော့ မန်ဟိုက အခု အများပိုင် နယ်မြေမှာ အဆင့်တစ် ဖြစ်သွားခဲ့ပါပြီ။ ပြောရရင် အပြင်စည်း တခုလုံးမှာတော့ သူက အဆင့်မြင့်တဲ့ လူတွေထဲ စာရင်းဝင်သွားပြီပေါ့။

ကျင့်ကြံသူတော်တော်များများက လွန်ခဲ့တဲ့ လ၀က်က အကြောင်းတွေကို ပြန်တွေးနေမိပါတယ်။ ကျင့်ကြံမှု အဆင့်အရမ်းကို မြင့်နေတဲ့အတွက်လည်း မန်ဟိုက စိတ်ရှိသလို ဓားပြတိုက်လို့ ရနေပါပြီ။ သူ့ဆီမှာ ဈေးဝယ်ခဲ့ရတဲ့ ဖောက်သည်တွေက သူ့ကို မကြိုက်ပေမဲ့လည်း သူက သူ့ဖောက်သည်တွေကိုတော့ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ပါဘူး။ လူတွေက အခု သူ့ကို အံ့မခန်း လူသားတစ်ယောက်အနေနဲ့ မြင်လာခဲ့ကြပါပြီ။

ဒီနေ့မှာတော့ အများပိုင်နယ်မြေမှာ တိုက်ပွဲ မဖြစ်ခဲ့ပါဘူး။ မန်ဟိုလည်း ထွက်သွားခဲ့ပါပြီ။ လူဟုန်ရဲ့ ကျင့်ကြံမှု့အဆင့်တွေလည်း ပျက်ဆီးသွားခဲ့ရပါပြီ။ ဒါပေမဲ့ သူက ၀မ်တန်ဖေး နာမည်ကို သုံးခဲ့တဲ့အတွက် သတင်းက ထင်တာထက်ကို ပိုပြီး မြန်မြန် ပျံ့နှံ့သွားခဲ့ပါတယ်။ ညအချိန်တော့ အပြင်စည်းတပည့်တွေအားလုံးက အကြောင်းစုံကို သိသွားခဲ့ကြပါပြီ။ မန်ဟိုဆိုတာလည်း သိသွားကြပြီလေ။

အရှေ့ပိုင်းတောင်... တိမ်တွေကလည်းဖုံးလွှမ်းလို့နေပါတယ်။ ဒါကတော့ သစ္စာရှင် ဂိုဏ်းတော်ကြီးက အမြင့်ဆုံး တောင်ကြီး ဖြစ်သလို အတွင်းစည်း ဂိုဏ်းရဲ့ တည်ရှိရာနေရာပါ။ ဒီမှာ ရှိတဲ့ ၀ိဥာဉ် စွမ်းအင်တွေက တခြားတောင်တွေထက်ကိုပိုပြီးတော့ သိပ်သည်း သလို ဂိုဏ်းချုပ်ကြီး ဟီလိုဟွာရဲ့ တံခါးပိတ် တရားလေ့ကျင့်ရာ နေရာပါပဲ။

ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ် ၁ - ၂)Where stories live. Discover now