Chapter 9 ( စိတ်တို ဒေါသထွက်ခြင်း )

1.1K 153 2
                                    


ကီ စုစည်းမှု ကျင့်စဉ် တတိယအဆင့်မှာ ဒီပညာကို အသုံးပြုတဲ့အတွက် သူ့ရဲ့ ခွန်အားနဲ့ အမြန်နှုန်း အဆများစွာ တိုးတက်လာခဲ့ပါတယ်။ သူ့မျက်နှာမှာ လောဘစိတ်တွေ ပြည့်နေပါတယ်။ သူရဲ့ တလက်လက် တောက်ပနေတဲ့ ချွန်မြတဲ့ လက်သည်းတွေနဲ့ မန်ဟိုကို ခုန်အုပ်တိုက်ခိုက်လိုက်ပါတော့တယ်။

မန်ဟို အရမ်းကြောက်ရွံ့ပြီးတော့ ထွက်ပြေးချင်ရင်တောင်မှ ပြေးလို့ မလွတ်တော့ဘူးဆိုတာကို သူ ယုံကြည်နေမိပါတယ်။

"ပြေးစမ်း.."

ကျိုးဝူဂန် ရယ်မောပြောဆိုလိုက်ပါတယ်။ သူ့အသံက လေထဲမှာ ပဲ့တင်ထပ် ကျန်နေပါတယ်။
"မင်း ကျိုးဝူဂန်ရဲ့ လက်ထဲကနေ ပြေးမလွတ်ပါဘူးကွာ။"

ကျိုးဝူဂန် အသွင်စပြောင်းကတည်းက မန်ဟိုက အဝေးကြီးကို ကြိုပြေးနှင့် ပြီးသားပါ။ သူ အသွင်ပြောင်းသွားတော့ မန်ဟိုလည်း ထိတ်လန့်အံ့အားသင့်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတခုခုကို သတိရသွားပြီးတော့ ထူးဆန်းတဲ့ အပြုံးကို ပြုံးလိုက်မိပါတော့တယ်။ ဒီ မိစ္ဆာပုံစံက ကြေးမှန်ကြောင့် ပေါက်ကွဲသွားတဲ့ သားရဲ တိရိစ္ဆာန်တွေနဲ့ ပုံစံချင်းတူတူပဲလေ။ ပြီးတော့ သူ့ရဲ့ သားမွေးတွေက ပိုပြီးတော့တောင် အရောင်ထွက်နေသေးတယ်။

မန်ဟို ထူးဆန်းတဲ့ အကြည့်နဲ့ ကျိုးဝူဂန်ကို သေချာလေ့လာ ကြည့်ရှုလိုက်ပါတယ်။ သူက တကယ့်ကို အမွှေးရှည် သတ္တ၀ါ တစ်ကောင်နဲ့ ဆင်တူနေတာပါ။

ကျိုးဝူဂန် က မန်ဟိုရဲ့ အကြည့်တွေကို မြင်တော့ ရင်ထဲမှာ အံ့အားသင့်သွားခဲ့ပါတယ်။ ဒါက သူပထမဦးဆုံး တခြားလူကို ပြလိုက်တဲ့ ပညာလေ။ မန်ဟိုရဲ့ ထူးဆန်းတဲ့ အကြည့်ကို မြင်တော့ သူဒေါသထွက်သွားပါတယ်။ သူ့မျက်လုံးမှာ လူသတ်ငွေ့တွေ ထွက်ပေါ်လာပါတော့တယ်။


"မင်း ကြေးမှန်ကို ကြိုက်မယ်လို့... ငါထင်တယ်။"

မန်ဟိုက ပြောလိုက်ပါတယ်။

ကျိုးဝူဂန်က သမန်းမိစ္ဆာအသွင်ကို ပြောင်းလဲထားလို့ တော်တော်မြန်မြန်နဲ့ သူအနားကို နီးကပ်လာပါတော့တယ်။ မန်ဟိုလည်း သူ့အိတ်ဆောင်ကို ပုတ်လိုက်ပြီးတော့ ကြေးမှန်ကို ထုတ်ယူလိုက်ပါတယ်။ သူက ထူးဆန်းတဲ့ အကြည့်နဲ့ ကျိုးဝူဂန်ကို မှန်လှည့်ပြလိုက်ပါတယ်။

ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ် ၁ - ၂)Where stories live. Discover now