Chapter 5 (ဒီကောင်လေး မဆိုးဘူး)

1.1K 169 0
                                    


"ဆရာဦးလေး ရှန်းကွမ်က ဆေးတွေကို ကိုယ်တိုင်ဝေပေးနေတာပဲ။အတွင်းစည်း တပည့်တွေဖြစ်တဲ့ အမရှုနဲ့ အကို ချန်တို့ပါ အကုန်လိုက်လာကြတယ်။ သူတို့ကို အမြဲ တွေ့နေရတာမဟုတ်ဘူး။ မဟုတ်မှ လွဲရော ဒီတစ်ခါ တစ်ယောက်ယောက်ကို ဆေးလုံး ချီးမြှင့်ဖို့ ရှိလို့များလား။"


"ဖြစ်နိုင်တယ်။ ဟိုမှာ အစ်ကို ဟန်ဇုံ။ သူက အပြင်စည်းတပည့်တွေထဲမှာ အဆင့် ၂ ရထားတဲ့ သူပဲလေ။ သူရဲ့ ကီစုစည်းမှုကျင့်စဉ်က အဆင့် ၅ ကို ရောက်နေပြီ။ သူသာ အဆင့် ၇ကို ရောက်သွားရင် အလိုအလျောက် အတွင်းစည်း တပည့် ဖြစ်သွားမှာပဲ။ အကိုကြီး ၀မ်တန်ဖေး မရှိတာတော့ စိတ်မကောင်းစရာပဲ။"

"အကိုကြီး ၀မ်တန်ဖေး က ဆေးလုံးကို စိတ်မ၀င်စားပါဘူး။ သူ ကျောင်းကို စရောက်တုံးကဆို ဆရာကြီးတွေကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ သူက ကျောင်းတော်ရဲ့ စည်းကမ်းကို မချိုးဖောက်ချင်လို့ သူ့ဖာသာသူ ကြိုးစားပြီး အတွင်းစည်းတပည့် ဖြစ်အောင် လုပ်ခဲ့တယ်။ အဲ့မှာ သူ တတိယမြောက် အတွင်းစည်း ဖြစ်လာမှာပဲ။"


"ဟီးဟီး.. စိတ်ဝင်စားစရာပဲ။ တစ်ကိုယ်တော် ဆေးလုံး ပေးဝေတာဆိုတော့ ၂၄ နာရီအတွင်းမှာ ဒီဆေးလုံး ခိုးယူခွင့်ပေးထားတယ်။ ဒီ ဝေပြီးပြီးချင်း ၂၄ နာရီအတွင်းမှာ ဆေးလုံးကို အသုံးပြုလို့ မရဘူး။ အချိန် ၂နာရီ ကြာတိုင်းမှာ ဆေးလုံးကနေ အလင်းရောင်တွေက ဘယ်လိုပဲ လုံအောင်ထုတ်ထုတ် ဖြာထွက်လာတယ်။ ဒီဆေးလုံးကို လုချင်တဲ့ သူ မှန်သမျှ ဆေးလုံးတည်နေရာကို သိနိုင်တယ်။ မင်းဆေးလုံးယူပြီးတော့ အိတ်ထဲထည့်ပြေးရင်တောင်မှ အလင်းရောင် က ဆေးလုံးနေရာကို ညွှန်ပြနေတယ်။ မင်းဆေးလုံးကို ၂၄ နာရီ မပြည့်မချင်း ဘယ်လိုနည်းလမ်းနဲ့မှ သိမ်းလို့ မရဘူး။"

မန်ဟို အနီးက စကားသံတွေကို နားစွင့်နေမိပါတယ်။ ဆေးပေးဝေတဲ့နေ့တိုင်း တိုက်ခိုက်မှုတွေက တားဆီးမရအောင် ဖြစ်နေမှန်း သူသိပါတယ်။ သူ ဆေးလုရင်း သေသွားကြတာတွေတောင် တွေ့ခဲ့တာပဲလေ။

ဒီနေ့က တစ်ကိုယ်တော် ဆေးလုံးဝေပေးတဲ့ နေ့ဆိုတော့ တိုက်ပွဲက ပိုတောင် ပြင်းထန်ဦးမှာ။

ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ် ၁ - ၂)Where stories live. Discover now