Chapter 13 ( ဗလကြီး ချောင်ယန် )

1.2K 154 8
                                    


အမတော်ရှုဟာ သားရဲ အင်္ကျီတစ်ထည်လိုပါပဲ။ အပြင်စည်းမှာ သူမနဲ့ အတူ လျှောက်သွားတာမှာ ချက်ခြင်းပဲ လူတိုင်းက သူတို့နှစ်ယောက်ကို အာရုံစိုက်မိကြပါတော့တယ်။ အပြင်စည်း တပည့်တွေက မန်ဟိုကို သူမနဲ့အတူတွေ့လိုက်ရတော့ မျက်နှာအမူအရာတွေ ပြောင်းကုန်ကြပါပြီ။ မန်ဟိုဆီကနေ နေ့ခင်းပိုင်းက ဆေးဝယ်ခဲ့သူတွေဆို ပိုပြီးတော့တောင် မျက်နှာအမူအရာတွေ ပျက်ကုန်ကြတာပေါ့။ မုန်းတီးမှုတွေက သူတို့ ရင်ထဲမှာ ပြည့်လာပေမဲ့ ပြန်ပြီးတော့ မျိုသိပ်လိုက်ကြပါတော့တယ်။

ပိုပြီးတော့ အဆင့်မြင့်တဲ့ သူတွေကတော့ ကွင်းထဲမှာ ဘာဖြစ်ခဲ့လည်းဆိုတာကို မသိကြပေမဲ့လည်း မန်ဟိုကိုတော့ မှတ်မိသွားကြပါတယ်။ သူက သွားပြီးတော့ ရန်စ ပတ်သက်သင့်သူ တစ်ယောက် မဟုတ်တော့ဘူးလေ။

သူက အပြင်စည်း ဂိုဏ်းဝင်းထဲမှာ တော်တော်ကို နာမည်ကြီးတဲ့ သူတစ်ယောက် ဖြစ်လို့ ဖြစ်မှန်းမသိ နှစ်လအတွင်းမှာ ဖြစ်လာခဲ့ပါတယ်။

သူ အဓိက အလေးထားတာကတော့ နေ့ရက်တွေကို ဘယ်လို ကျော်ဖြတ်ရမလည်း ဆိုတာပါပဲ။ အခုက ညအချိန်မို့လို မြင်လိုက်ကြရတဲ့ တပည့်တွေက တော်တော်ကိုနည်းပါတယ်။ ပြီးတော့ အပြင်မှာ ရှိနေတဲ့သူရဲ့ တ၀က်လောက်တောင် သူ့ကို မြင်လိုက်တာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ဒီလို အခွင့်အရေးကို လက်လွှတ်မခံသင့်မှန်း သူနားလည်ပါတယ်။ ဒါကြောင့် သူသင်ကြား တတ်မြောက်ထားတဲ့ အယဉ်ကျေးဆုံး စာပေသမား စကားလုံးတွေကိုပဲေ၇ွးချယ်ပြီးတော့ ပြောလာခဲ့တာပါ။ သူမ အမတော် ရှုကို တရားကျင့်ကြံမှုဆိုင်ရာ ဆေးပစ္စည်း အလုပ်ရုံကို ခေါ်သွားတော့ အလုပ်ရုံမှာ ရှိနေတဲ့ သက်လတ်ပိုင်းအရွယ် လူကြီးက ခြောက်ခြားစွာနဲ့ ဆေးတွေအားလုံးသူ့ကို ဈေးလျှော့ပေးပြီး ရောင်းလိုက်ပါတော့တယ်။ အခုဆို တစ်လလုံး ရောင်းရမဲ့ ဆေးအလုပ်ရုံက ဆေးတွေအားလုံး ကုန်သွားခဲ့ပါပြီ။ ဒီဆေးတွေ ပြန်ဖြည့်ဖို့ဆို တစ်လလောက် ကြာဦးမှာပါ။

သူတို့တွေ ရတနာ ခန်းမကို ဆက်ပြီးတော့ လျှောက်သွားကြပါတယ်။ အမတော် ရှုရဲ့ ကြောက်မက်ဖွယ် အကြည့်အောင်မှာ ဥာဏ်နီဥာဏ်နက် များတဲ့သူ မျက်နှာဖြူဖပ်ဖြူလျော် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီလူက ၀ိဥာဉ် ကျောက်တုံး တချို့ကို ပြုတ်ကျဟန်ဆောင်ပြီး မန်ဟိုကို ကောက်ပေးလိုက်ပါတယ်။ ပြီးတော့ မန်ဟိုနားကို ကပ်သွားပြီး ကြေးမှန်ကို ကြိုက်တဲ့အချိန် လာလဲနိုင်ကြောင်းလည်း တိုးတိုးလေး ပြောလိုက်ပါတယ်။ ဒီမှာ မန်ဟိုက အေးစက်စက်လေသံနဲ့ နှာခေါင်းရှုံ့လိုက်ပြီးတော့ မှန်က ပျောက်သွားခဲ့တာ တော်တော် ကြာနေပြီလို့ ပြန်ဖြေလိုက်ပါတော့တယ်။

ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ် ၁ - ၂)Where stories live. Discover now