Untitled Part 19

389 31 0
                                    


#ကောင်းကင်တံခါးကို ငါပိတ်မယ်

စာစဉ် ၂

Chapter 19 ( နောက်ထပ် လေပြင်းတိုက်ခတ်ပြန်ပြီ )

မန်ဟို မျက်လုံးဖွင့်ကြည့်လိုက်တော့ ဖက်တီးက ကောင်လေး တစ်ယောက်ကို ၀မ်းသာအားရဆွဲခေါ်လာတာကိုတွေ့လိုက်ရပါတယ်။ ပုပု ပိန်ပိန် လူငယ်လေးက ဖက်တီးနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

မန်ဟို သူ့ကို မှတ်မိလိုက်ပါပြီ။ သူကတော့ သစ္စာရှင် ကျောင်းတော်ကြီးကို လေးယောက် အတူရောက်လာတဲ့ ထဲက တစ်ယောက်ပါ။ ၀မ်ရောက်ချီနဲ့အတူ တခြားတောင်တစ်လုံးက အစေခံတန်းလျားကို ရောက်သွားခဲ့တဲ့ ကောင်လေးပါပဲ။

စတွေ့ခါစ အချိန်တုန်းကတော့ သူက သန်သန်မာမာနဲ့ စိတ်ကောင်းရှိပုံ ပေါ်ပါတယ်။ ဒါပေမဲ့ အခုတော့ ညင်းသိုးသိုးနဲ့ သနားစရာ ကောင်လေး ဖြစ်နေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ မျက်ဝန်းထဲမှာတော့ အပြင်စည်း ဂိုဏ်းမှာ တကယ့်ကို မေ့မရနိုင်တဲ့ အတွေ့အကြုံတွေကို ကျော်ဖြတ်လာရတဲ့ ကြံ့ခိုင်မှုတွေကတော့ ရှိနေခဲ့ပါပြီ။

ပြောရရင်တော့ သူက ကီစုစည်းမှု ပထမအဆင့်နဲ့ကို အများပိုင်နယ်မြေထဲကို ၀င်လာရဲအောင် သတ္တိကောင်းနေပါတယ်။

"အကိုကြီး မန်ကို နှုတ်ဆက်ပါတယ်။"

လူငယ်လေးက နည်းနည်းဝမ်းသာသွားပြီး နှုတ်ဆက်လိုက်ပါတော့တယ်။ နောက်တော့ ဒီအမူအရာတွေ ပျောက်သွားပြီး မန်ဟိုကို ရိုသေလေးစားစွာနဲ့ လက်နှစ်ဖက် ယှက်ပြီးတော့ ဦးညွတ်လိုက်ပါတော့တယ်။


"မင်းက အခုမှ ဂိုဏ်းကို ရောက်လာတာမို့လား။"

မန်ဟိုက သူ့ကို ပြောလိုက်ပြီးတော့ ဂိုဏ်းတော်ကို ရောက်လာတဲ့ ပထမဆုံး နေ့ရက်တွေကို ပြန်တွေးနေမိပါတယ်။


"တစ်လလောက်တော့ ရှိပါပြီခင်ဗျာ။"

သူက ခေါင်းငုံ့ပြီး ဖြေလိုက်ပါတယ်။

"၀မ်ရောက်ချီကော ဘယ်လိုနေလည်း။"

"သူ သေသွားခဲ့ပါပြီ။"

လူငယ်လေးက ထုံအအ ပြန်ဖြေလိုက်ပါတယ်။ သူ့စကားဆုံးသွားပြီးတာနဲ့ သူ့မျက်နှာမှာ ကြေကွဲမှုတွေ ပေါ်လာခဲ့ပါတယ်။

ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ် ၁ - ၂)Where stories live. Discover now