Chapter 14

1.6K 202 10
                                    

#ကောင်းကင်တံခါးကို ငါပိတ်မယ်

စာစဉ် ၂

Chapter 14 (ရန်ညှိုး )

ဒါကို ကြားလိုက်တော့ ချောင်ယန် တုန်လှုပ်သွားခဲ့ပါတယ်။ သူ တစ်ယောက်တည်းတင် မဟုတ်ပါဘူး။ ဘေးမှာ ကြည့်နေကြတဲ့ လူတွေပါ မန်ဟိုကို ကြောက်လန့်တကြား ကြည့်လိုက် ကြပါတော့တယ်။

"၀ယ်.. ၀ယ်ရမယ်... နောက်ထပ် ၀ယ်ရဦးမယ်?"

ချောင်ယန် ရဲ့ အသံက အားနည်းနေပြီးတော့ ခန္ဓာကိုယ်ကလည်း တုန်လှုပ်လို့ နေပါတယ်။ မန်ဟိုသာ သူ့ကို ထိန်းကိုင်မထားဘူးဆိုရင် သူ လဲကျသွားတာ ကြာလှပါပြီ။


"ဆေးတစ်လုံးကို ၀ိဥာဉ်ကျောက်တုံး တစ်တုံးထဲပါ။"

မန်ဟိုက ၀မ်းသာအားရရှင်းပြလိုက်ပါတယ်။ သူ့ရဲ့ အိတ်ထဲကနေပြီးတော့ သွေးတိတ်ဆေးလုံး တော်တော်များများကို ထုတ်လိုက်ပြီးတော့
"အကိုက ၀ယ်သူအားလုံးကို ရိုးရိုးသားသားပဲ ဆက်ဆံပါတယ်။ ညီလေး စိတ်အေးလက်အေးသာ အနားယူလိုက်တော့။ ညီလေးဒီလိုဖြစ်နေလို့ အကိုက အခွင့်ကောင်း ယူပြီး ဈေးမတင်ပါဘူး။ ညီလေးလိုချင်တာ အားလုံး ပြောလိုက်။ တရားကျင့်ကြံမှုဆိုင်ရာ ဆေးပစ္စည်း အလုပ်ရုံ ဆိုင်ခွဲက သတင်းကောင်းနဲ့ ကျော်ကြားပါတယ်။"

ဆေးအားလုံးကို မြင်လိုက်တော့ ချောင်ရန် မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားပါပြီ။ ပြီးတော့ နှစ်လိုဖွယ် ပြုံးပြနေတဲ့ မန်ဟိုရဲ့ မျက်နှာအမူအရာကို မြင်လိုက်ပြီးတော့ ကျောထဲ စိမ့်နေအောင်ကို အေးစက်သွားခဲ့ပါတယ်။ သူ ခြောက်ခြောက်ခြားခြားနဲ့ အံကို တင်းတင်းကြိတ်လိုက်ပြီးတော့

"ညီလေးက ဘယ်ဟာကောင်းတယ် ဆိုးတယ်ဆိုတာကို သေချာ ရွေးချယ်နိုင်ပါတယ်။ ဒါတွေအားလုံးက တရားကျင့်ကြံမှုဆိုင်ရာ ဆေးပစ္စည်း အလုပ်ရုံက ဆေးဝါးတွေပဲလေ။ အစစ်တွေဆိုတာ အာမခံပါတယ်။"

သူ ပြောပြောဆိုဆိုနဲ့ သွေးတိတ်ဆေးတွေ တခြားဆေးလုံးတွေကို ထုတ်ပေးလိုက်ပါတယ်။

ချောင်ယန်လည်း ဆေးလုံးတွေကို တလှည့် မန်ဟိုရဲ့ အိတ်ဆောင်ကို တလှည့် ခါးသီးစွာ ကြည့်နေမိပါတယ်။ သူ မန်ဟိုမျက်နှာကို မော့ကြည့်လိုက်တော့လည်း နွေးထွေးမှုတွေနဲ့ ပြည့်နေတာကို မြင်လိုက်ပါတယ်။

ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ် ၁ - ၂)Where stories live. Discover now