Don't say sorry-1

1.5K 44 8
                                    

တစ်​ခါတစ်​ရံမှာ အချစ်​ဟာ တစ်​သက်​တာာ နာကျင်​စရာ​တွေကို ​ဝေမျှတတ်​တယ်​ ဒါ​ပေမဲ့လည်း အဲ့နာကျင်​စရာ​တွေဟာ ချစ်​ရသူ​ပေးတာမို့ ကိုယ်​အတွက်​​တော့ ချိုမြိန်​လွန်းတဲ့ ဓားသွား​ပေါ်က ပျားရည်​စက်​ပမာ........

************************************
ဒီ​နေ့........

ကျွန်​​တော့်​ကမ္ဘာ ​နေ​ရောက်​​ပျောက်​​သော​နေ့..........

ကျွန်​​တော့်​ကမ္ဘာ လ​ရောင်​ဖုံး​သော​နေ့..........

ကျွန်​​တော့်​ဘဝ ရှင်​သန်​ရာမဲ့ခြင်း စတင်​သော​နေ့.......

တစ်​နည်းအားဖြင့်​ဆို​သော်​ ဒီ​နေ့ဟာ ကျွန်​​တော့်​ချစ်​ရသူရဲ့ လက်​ထပ်ပွဲ​နေ့........

ချစ်​ရသူ......တစ်​ကြိမ်​တစ်​ခါတုန်းက​တော့ သူဟာ ကျွန်​​တော့်​ချစ်​သူဖြစ်​ခဲ့ဖူးပါလိမ့်​မယ်​။ မ​ဝေး​တော့တဲ့ အနာဂတ်​​တွေမှာနဲ့ လက်​ရှိပစ္စုပ္ပန်​မှာ​တော့ သက်​ဆိုင်​မှုမရှိ​တော့တဲ့ နာမ်​စား​လေးနဲ့ ချစ်​ရသူလို့သာ သုံးနှုန်းချင်​ပါရဲ့။

ချစ်​ရသူ​ပျော်​ရွှင်​ဖို့အတွက်​ရယ်​လို့​တော့ မသုံးနှုန်းချင်​ပါဘူး။ သူလည်း​ပျော်​​နေမှာမှ မဟုတ်​တာ။မပြီးဆုံးနိုင်​တဲ့ တာဝန်​နဲ့ ဝတ္တရားအရ​တော့ ချစ်​ရသူရဲ့လက်​ထပ်​ပွဲကို ကျွန်​​တော်​ သွားရမှာ​ပေါ့​လေ၊ ပဲ့​ကြွေအက်​ကွဲ​နေတဲ့ ကျွန်​​တော့်​ နှလုံးသား​လေးကို အ​သေအချာထုပ်​ပိုးသိမ်းဆည်းပြီး​တော့​ပေါ့။

တစ်​ကြိမ်​တစ်​ခါက​တော့ တစ်​သက်​စာလို့ ထင်​မှတ်​ခဲ့တဲ့အချစ်​​တွေအတွက်​ တစ်​ဘဝစာ ရင်​ခုန်​ကြည်​နူးခဲ့ရဖူးပါတယ်​။ခုများ​တော့ တစ်​သက်​စာထင်​မှတ်​ခဲ့တဲ့အချစ်​​တွေက တစ်​ခဏတာမှာ​တောင်​ မတည်​မြဲခဲ့ပါလား.......

ဲ့ မျက်​နှာသာမ​ပေးတဲ့ ကံကြမ္မာကိုပဲ အပြစ်​တင်​ရမလား.......
ဖမ်းဆုပ်​မထားနိုင်​ခဲ့တဲ့ ကိုယ့်​ကိုကိုယ်​ပဲ အပြစ်​တင်​ရမလား........

သူ့ကိုလား.......
ဟင့်​အင်း.....အပြစ်​မတင်​နိုင်​ပါဘူး.....
သူကကျွန်​​တော့်​ရဲ့ သိပ်​ချစ်​ရသူဖြစ်​​နေတာကိုး......

**********************************

ဒီ​နေ့.......

ကျွန်​​တော့်​ဘဝ ​တိမ်​​ရောင်​ကွယ်​​သော​နေ့.......

ကျွန်​​တော့်​ဘဝ ​အလင်း​ပျောက်​​သော​နေ့.......

ကျွန်​​တော့်​ဘဝ ရှင်​သန်ရာမဲ့ခြင်း စတင်​​သော​နေ့......

ကျွန်​​တော့်​ တစ်​ဦးတည်း​သောချစ်​ရသူ​လေးကို ထားခဲ့ရ​သော​နေ့.........

ကိုယ်​မှားခဲ့တဲ့ အမှားတစ်​ခုအတွက်​ ကိုယ်​ဘဝတစ်​ခုလုံးနှင့်​သာမက ကိုယ့်​ချစ်​ရသူရဲ့ နှလုံးသားတစ်​စုံလုံးနှင့်​ပါ အလဲအထပ်​ပြုရမည်​မှန်းသိခဲ့လျှင်​ အဲ့ဒီအမှားကို ကျူးလွန်​ခဲ့မည်​မဟုတ်​။

ခု​တော့ဖြင့်​ မှားခဲ့တဲ့အမှားအတွက်​ အမှန်​ဆိုတာ ရှာမရ​လောက်​​အောင်​ ရှုပ်​​ထွေးခဲ့ပြီမို့ ​ကြွေလွင့်​နှလုံးသားတစ်​စုံအား ဖက်​တွယ်​ရင်းနှင့်​သာ........

တစ်​သက်​တာမတည်​မြဲမှန်းသိခဲ့လျှင်​ တစ်​ကြိမ်​တစ်​ခါကကတိ​တွေကို သူနာကျင်​​အောင်​ ​ပေးခဲ့မည်​မဟုတ်​.......

ဆု​တောင်းတိုင်းမပြည့်​တဲ့ဘဝမှာ တစ်​ခါ​လောက်​​တော့ ဆု​တောင်းမိချင်​ရဲ့......သူ​လေး ကျွန်​​တော့်​ကို မုန်းတီးသွားပါ​စေရယ်​လို့​ပေါ့......

မတည်​နိုင်​တဲ့ ကတိ​တွေကို ​အထပ်​ထပ်​​ပေးခဲ့တဲ့ ကိုယ်​ကို
မင်း​လေး လွမ်းဆွတ်​တမ်းတ​နေမဲ့အစား မုန်းတီးနာကျည်းခြင်းနဲ့ ​ဖြေ​ဖျောက်​လိုက်​ပါ​တော့လို့ ဆု​တောင်းလျက်​​ပေါ့.......

ကိုယ်​ဟာ ​မင်းအတွက်​ တောင်းပန်​ပါတယ်​ဆိုတဲ့စကားနဲ့​တောင်​ မထိုက်​တန်​သူရယ်​ပါ

************************************

အဟီးထပ်​ပြီး​ရေးပြန်​ပြီလို့😁😁
ဖတ်​ပီး​ဝေဖန်​​ပေးပါဦးလို့😁😁

21.8.2018
#961#


Don't Say SorryWhere stories live. Discover now