Don't say sorry-6

601 42 4
                                    

"ဆယ်​ဟွန်း​ရေ မနက်​စာရပြီ မြန်​မြန်​လာခဲ့​တော့"

"မင်းကလည်း....စွတ်​​အော်​​နေတာပဲ၊ အ​စောကြီးရှိ​သေးတာကို"

"အချိန်​ကိုလည်းကြည့်​ဦး​လေ ကိုယ်​​တော်​​လေးရဲ့"

"ခုမှ ၈ နာရီခွဲပဲ ရှိ​သေးတာကို"

"၈ နာရီခွဲက ​စောတာလား ငနာ​လေးရဲ့"

"အား.....​ကျောကုန်းကို မရိုက်​ပါနဲ့ဆို​နေ၊ မင်းလက်​ကြမ်းကြီးနဲ့။ သူ့အိမ်​မှာ​နေတယ်​ဆိုပြီး လူကို နှိပ်​စက်​လိုက်​တာလဲ လွန်​ပါ​ရော့....ဟင့်​"

"ဘာ.....ဘာ​ပြောတယ်​ အိုဆယ်​ဟွန်းးးးးးး"

အသံနဲ့တင်​ အရိုးတစ်​ခြား အသားတစ်​ခြားဖြစ်​မှာ မြင်​​ယောင်​​နေ​တော့......

"အာ.....Beakလေးကလည်း ချစ်​လို့စတာ​လေ၊ စိတ်​ဆိုးရဘူးဘူး​နော်​.....​နော်​"

"မင်း​နော်​.....မင်း..မင်း.."

"စားစရာရှိတာမြန်​မြန်​စား၊ အလုပ်​​နောက်​ကျ​နေပြီ"

ဟွန့်​ ဘယ်​သူ​ဌေးက အဲ​လော့က်​အ​စောကြီး အလုပ်​သွားလို့လဲ။ သူတစ်​​ယောက်​ပဲရှိတယ်​။

"အိုဆယ်​ဟွန်း.....ငါအကုန်​ ကြားတယ်​​နော်​......"

"............"

************************************

"ဆယ်​ဟွန်း.....ဒါ​လေးကို ပီး​အောင်​ဆွဲ​ပေးဦး၊ ဒီည​နေ အပြီးတင်​​ပေးရမှာ မို့လို့"

"ထားလိုက်​ခဲ့လိုက်​​လေ Beak.....ငါဒါပြီးရင်​ ဆွဲ​ပေးမယ်​"

"​.............."

ဆယ်​ဟွန်း ​နေပြန်​​ကောင်းကတည်းက Beakhyun ကုမ္ပဏီမှာ ဝင်​လုပ်​ဖြစ်​​လေသည်​။ ဘတ်​ဟွန်းက တစ်​ဦးတည်း​သော သားဖြစ်​သည့်​အပြင်​ မိဘ​တွေကလည်း နိုင်​ငံခြားမှာဆို​တော့ ​နေတာလည်း ဘတ်​ဟွန်းနဲ့ပဲ အတူတူ​နေဖြစ်​​လေသည်​။

မေ​မေက​တော့ စိတ်​မချဘူး ဘာညာ​ပြော​ပေမယ့်​ ဒါက ​ယောလ်​အတွက်​​ကော၊ ဆယ်​ဟွန်းအတွက်​​ကော၊ Noona အတွက်​​ကော အ​ကောင်းဆုံးပဲမလား။

Don't Say SorryWhere stories live. Discover now