Don't say sorry-4

601 44 3
                                    

"ဟွန်း​လေး နိုးပြီလား"

"ဟုတ်​ Noona "

"ဘာရှာ​နေတာလဲ မင်း Hyung လား၊ မနက်​အ​စောကြီးကတည်းက အစည်းအ​ဝေးရှိလို့တဲ့ သွားခဲ့ပြီ"

"အာ Noona ကလည်း မဟုတ်​ပါဘူး"

"မဟုတ်​လည်းပြီး​ရောပါ၊ ဒီမှာ ​ပေါင်​မုန့်​ကြက်​ဥ​ကြော်​နဲ့ ​ကော်​ဖီ၊ Noona အဝတ်​​လျှော်​စရာ​တွေရှိ​သေးလို့ သွားပြီ"

"Nae"

"အာ Noona Omma ​ကော ဘယ်​​တော့​လောက်​ပြန်​လာမှာလဲတဲ့"

"မသိဘူး Omma အ​ကြောင်းလည်းသိရဲ့သားနဲ့၊ သူ​ပျော်​​သ​လောက်​​နေပြီးမှ ပြန်​လာမှာ​ပေါ့"

".............."

ယောလ်​ရယ်​ ကျွန်​​တော်​နဲ့ မျက်​နှာချင်းဆိုင်​ရမှာ အဲ့​လောက်​​တောင်​ခက်​​နေလား။ မနက်စာ​တောင်​မစားဘဲ  သွားခဲ့ရတယ်​လို့။

************************************

"မင်္ဂလာပါ အဖွဲ့မှူး"

"..........."

"ဟဲ့ တို့အဖွဲ့မှူးက​လေ ဘယ်​လိုကြီးလဲမသိဘူး​နော်​၊ လက်​ထပ်​ပြီးပြီးချင်း အလုပ်​တန်းဆင်းရတယ်​လို့"

"​အေး​လေဟယ်​ ဒါနဲ့ မ​နေ့တုန်းက မင်္ဂလာပွဲက ပုံစံကြည့်​ရတာလည်း မ​ပျော်​သလိုပဲ​နော်​"

"နင်​တို့ကလည်းထားပါ​တော့ ကိုယ့်​ကိစ္စလည်းမဟုတ်​ဘဲနဲ့၊​ ​တော်​ကြာ​နေကြားသွားလို့ အလုပ်​ပြုတ်​​နေမှဖြင့်​"

ချန်း​ယောလ်​ သူ​တို့​ပြော​နေသမျှကို အကုန်​ကြားပါသည်​။ မကြားခြင်​​ယောင်​​ဆောင်​ကာ ဆက်​​လျှောက်​လာ​တော့ ရုံးခန်းအဝင်​ဝနားမှာ ရပ်​​နေတဲ့ Xing က အဆ​င်​​ပြေလားဆိုတဲ့ အကြည့်​နဲ့ကြည့်​​လေးရဲ့။

အဆင်​​ပြေပါတယ်​ဆိုတဲ့ အပြုံး​ဖျော့​ဖျော့နဲ့သာ ​ခေါင်းတစ်​ချက်​ငြိမ့်​ပြလိုက်​​လေရဲ့။ ရုံးခန်းထဲ​ရောက်​လို့မှမကြာ

"အဖွဲ့မှူး​ ဥက္ကဌက လာခဲ့ပါဦးတဲ့"

ဟူ​သော စကား​ကြောင့်​ ​​ခြေလှမ်း​တွေက ဥက္ကဌရုံးခန်းသို့ ဦးတည်​လျက်​.......

Don't Say SorryWhere stories live. Discover now