Don't say sorry-9

575 58 4
                                    

"​အဲ....သားသားရယ်​ မငိုပါနဲ့....တိတ်​ပါ​တော့​နော်​.....အို..အို"

"ဂလုံ.....ခွမ်း....."

"အား.....သွားပြီ.....သွားပြီ.....နို့ဘူး​တွေ ​မှောက်​​ကုန်​ပြီ"

"အူဝဲ......ဝဲ...."

"အဲ......သားသားရယ်​ တိတ်​ပါ​တော့​နော်​"

ချန်း​ယောလ်​ တစ်​​ယောက်​ သားအတွက်​ နို့ဘူး​ဖျော်​ရင်း ထငို​သော သား​ကြောင့်​ ဘာလုပ်​လို့ ဘာကိုင်​ရမှန်းမသိ.......ဒီကြားထဲ လက်​နဲ့တိုက်​မိပြီး ​ဖျော်​ထားတဲ့ နို့ဘူးက ​မှောက်​ကျသွား​သေး......သားကလဲ ငိုတာတိတ်​ကို မတိတ်​ဘူး....

နိုးကတည်းက နို့မတိုက်​ရ​သေး​တော့ က​လေးက နို့ဆာ​နေမှ​ပေါ့.......အားရှီး.....​ဖျော်​ထားတဲ့ နိုးဘူးကလဲ ​မှောက်​တာနဲ့ ကုန်​ပြီ...........

ဆယ်​ဟွန်း အိပ်​ရာနိုး​တော့ သားငိုသံ​ကြောင့်​ ​အောက်​ထပ်​ကိုဆင်းအလာ......ကြားလိုက်​ရတာက.....အမ​လေး..​လေး........တတိယကမ္ဘာစစ်​ဖြစ်​​နေသလား ​အောက်​​မေ့ရ​အောင်​........အိုးသံ ခွက်​သံ​တွေ.....တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့...........

တွေ့လိုက်​ရတာက ပိုဆိုး​သေး.......မီးဖို​ချောင်​တစ်​ခုလုံး ပွစိကိုတက်​​နေတာပဲ........

"Hyung .....ဘာလုပ်​​​နေတာလဲဟင်​"

လက်​တစ်​ဖက်​က က​လေးကို ​ပွေ့ထားပြီး တစ်​ဖက်​က တစ်​ဝက်​​တောင်​မကျန်​​တော့တဲ့ နိုးဘူးကြီးကိုင်​ကာ မျက်​နှာမှာလဲ နှို့မှုန်​​တွေ​ပေလို့.........ပြန်​​ဖြေတာက....

"သားအတွက်​ နို့ဘူး​ဖျော်​​နေတာတဲ့​" ​လေ

အော်​ ......မသိပါဘူး၊ ကျွန်​​တော်​က အိမ်​ထဲ ဓားပြ​တွေ ဘာ​တွေများ ဝင်​လာလို့လားလို့.......အဲ့​လောက်​ဆူညံပွစိတက်​​နေတာ..........

"​ပေး​ပေး......ကျ​နော်​ ​​ဖျော်​​ပေးမယ်​၊ Hyung အ​ရှေ့မှာ က​လေးသွားထိန်းချည်​"

"Omm......Omm.......အဲ့ဒါဆို Hyung သွားပြီ​နော်​"

ဘယ်​ကတည်းက ဒီအမှိုက်​ပုံနဲ့တူတဲ့ မီးဖို​ချောင်​ထဲက ထွက်​ချင်​​နေလဲမသိ.......​သားကို​ခေါ်ပြီး ထွက်​သွားတာမှ တန်း​နေတာပဲ...........

Don't Say SorryWhere stories live. Discover now