Don't say sorry-3

733 38 4
                                    

"Hyung ကျွန်​​တော်​သွား​တော့မယ်​"

"တကယ်​အဆင်​​ပြေရဲ့လား ဟွန်း​လေး၊ အဆင်​မ​ပြေရင်​ Hyung ဆီအချိန်​မ​ရွေးလာခဲ့​​နော်​"

"Nae အဆင်​​ပြောပါတယ်​ Hyung ကျွန်​​တော်​သွားပြီ"

အိမ်​​ပေါက်​ဝ​ရောက်​​ရောက်​ခြင်း​ ​ကြားလိုက်​ရ​သော စကားသံ​တွေ။ ဟုတ်​သားပဲ။ ဟန်းနီးမွန်းလား ​ယောလ်​ကမသွားချင်​ဘူးတဲ့​လေ။ အဲ့ဒါ​ကြောင့်​ အိမ်​ပဲတန်းပြန်​လာတာ​နေမှာ​ပေါ့။

"ဟွန်း​လေးပြန်​လာပြီလား၊ ဘယ်​​တွေသွား​နေတာလဲ Noona ဖြင့်​ရှာလိုက်​ရတာ"

"Suho hyung နဲ့ရှိ​နေတာပါ"

"​Ommပါ နား​တော့​လေ၊ ဟွန်း​လေးလည်း ပင်​ပန်း​နေမှာ​ပေါ့"

"Nae ကျ​နော်​အ​ပေါ်တက်​​တော့မယ်​​နော်​၊ Hyung နဲ့ Noona ​ကောင်း​သောညပါ"

***********************************

က​လေး.......
ကိုယ်​သိတာ​ပေါ့ က​လေးဘယ်​​လောက်​​တောင်​ငိုထားသလဲဆိုတာ.......
နဂိုမျက်​ဝန်းအစ်​အစ်​​လေး​တွေမို့ မသိသာဘူးထင်​ရ​ပေမဲ့ ကိုယ်​က က​လေးအပြုအမူ အ​သေးစိတ်​ကအစ လိုက်​ကြည့်​​နေခဲ့သူပါ က​လေးရယ်​.......
ကိုယ်​ဟာ အသုံးမကျတဲ့သူတစ်​​ယောက်​ပါ.......
က​လေးကို မျက်​ရည်​မကျ​စေရဘူးလို့​ပြောခဲ့​ပေမယ့်​ အခု​တော့ ကိုယ့်​​ကြောင့်​ပဲ က​လေးငို​နေရပြီ........
ကိုယ့်​ကို ခွှင့်​မလွှတ်​ပါနဲ့ က​လေးရယ်​........

ချန်း​ယောလ်​ စာကြည့်​ခန်းထဲက​နေ လမင်းကြီးကိုကြည့်​ကာ မျက်​ရည်​​တွေကျရင်း တစ်​​ယောက်​တည်း​ရေရွတ်​​နေမိသည်​။အခုချိန်​မှာ ခံစားရလွန်းလို့ ရင်​ဘတ်​တစ်​ခုလုံး ဆိုနင့်​​နေ​ပေသည်​။ က​လေးရဲ့ မျက်​ရည်​​တွေကိုမြင်​ရတာ ကိုယ့်​ရင်​​တွေဘယ်​​လောက်​ထိနာရတယ်​ဆိုတာ က​လေးမှမသိပဲ​လေ။ က​လေးထက်​မပိုရင်​​တောင်​ က​လေးထက်​မ​လျော့တဲ့ ချစ်​ခြင်း​တွေနဲ့ က​လေးကို သူချစ်​ခဲ့တာပါ​လေ။

************************************

မောင်​.......
သူမသိပ်​ချစ်​ရပါ​သော​မောင်​........
ဟုတ်​ပါတယ်​​လေ ငယ်​စဉ်​ကတည်းက တိတ်​တခိုးချစ်​ခဲ့ရ​သော​မောင်​.........
ဒါ​ပေမဲ့ ​မောင်​က​တော့ ကျမကို မချစ်​ပါဘူး​လေ........
သူ့ရင်​ထဲက သိပ်​ချစ်​ရသူ​နေရာမှာ ကျွန်​မဘယ်​​တော့မှ အစားမဝင်​နိုင်​ပါဘူး​လေ.......
ဒါ​ပေမဲ့လည်း​လေ ​မောင့်​အချစ်​ကို မရရင်​​တောင်​မှ ​မောင့်​အနားမှာ တစ်​သက်​လုံး​ ​မောင်​လိုအပ်​သမျှကို ဖြည့်​ဆည်း​ပေးရင်​ ​နေသွားနိုင်​ရင်​ ​ကျေနပ်​ပါတယ်​​လေ........

Don't Say SorryWhere stories live. Discover now