Don't say sorry-10

560 62 4
                                    

"ဟွန်း​လေး....."

"​အော်​ Suho hyung လာ​လေ"

"​ရော့.....သားသားအတွက်​ နှို့မှုန့်​နဲ့ အာဟာရမှုန့်​"

"ဟာ......မဝယ်​လာလဲရတာကို Hyung ကလဲ"

"ဝယ်​လာ​တော့လည်း ဘာမှဖြစ်​မသွားဘူးမလား"

"Hyung ကလဲ"

"ဒါနဲ့.....သားသား​ရော"

"အိပ်​​နေတယ်​.......ကျွန်​​တော်​ အဝတ်​​လျှော်​စရာ​တွေရှိ​သေးလို့ Hyung ထိုင်​နှင့်​​နော်​"

"​အော်​....​အေး​အေး လုပ်​စရာရှိတာလုပ်​၊ Hyung ကို အားမနာနဲ့"

"................"

ဟွန်း​လေးကိုကြည့်​ရတာ တကယ့်​အိမ်​ရှင်​မ​လေးကျ​​နေတာပဲ.....က​လေးတစ်​​ယောက်​နဲ့ကို လုံးလည်​ချာလည်​ လိုက်​​နေတာ......

"အဲ.....သားသားနိုး​နေပြီလား၊ ကျွန်​​တော့်​ကို ​ခေါ်လိုက်​တာမဟုတ်​ဘူး"

"ရပါတယ်​၊ ဟွန်း​လေးလည်း အလုပ်​ရှုပ်​​နေ​တော့ Hyung လည်း အား​နေတာနဲ့ ထိန်းထားလိုက်​တာ၊ ဒါနဲ့ ​နေ့တိုင်းဒီလိုပဲလား၊ ချန်း​ယောလ်​ ရော"

"Hyung က ညပြန်​လာရင်​ထိန်း​ပေးပါတယ်​၊ ဒါမဲ့ တစ်​​နေကုန်​ ပင်​ပန်းထားတာဆို​တော့ အရမ်းပင်​ပန်းတယ်​တယ်​​လေ"

"ဟွန်း​လေးအလုပ်​က​ရော၊ က​လေးထိန်း​တွေ ဘာ​တွေ မငှါးဘူးလား"

"Suho hyung ရယ်​ ဒီအရွယ်​က က​လေးထိန်း​တွေဘာ​တွေနဲ့ စိတ်​မချရဘူး​လေ၊ ပြီး​တော့ ကျွန်​​တော်​လဲ အလုပ်​ထွက်​လိုက်​ပြီ၊ Hyung က​တော့ ​နောက်​​နေ့ကျရင်​ အိမ်​အကူရှာ​ပေးမယ်​လို့​ပြောတယ်​၊ က​လေး​ဝေယျာ​ဝေစ္စ​တွေက​တော့ ကျွန်​​တော်​နဲ့အဆင်​​ပြေတယ်​​လေ"

ဟွန်း​လေးရယ်​......မင်းသူ့ကို သိပ်​ချစ်​တာပဲလား.....
တစ်​ခြားတစ်​​ယောက်​နဲ့ရတဲ့ သူ့ရဲ့သွေးသားကို နည်းနည်းမှ​တောင်​ အထိခိုက်​မခံနိုင်​​အောင်​ ချစ်​တာဆို​တော့​လေ.......
က​လေးအ​ပေါ်ထားတဲ့ မင်းရဲ့အချစ်​​တွေကို Hyung မြင်​​နေရပါတယ်​......
ဒီဘဝမှာ မင်းရဲ့စိတ်​ကို Hyung လုံးဝမရနိုင်​​တော့ဘူးဆိုတာ ​သေချာသွား​တော့လည်း......
Hyung အချစ်​​တွေကို မျိုသိပ်​ထားရုံ​ပေါ့​လေ......

Don't Say SorryWhere stories live. Discover now