Don't say sorry-2

984 46 8
                                    

"ဟွန်း​လေး လာပြီလား Noona ဘယ်​လို​နေလဲ ကြည့်​ရတာ အဆင်​​ပြေရဲ့လား"

"ဒါ​ပေါ့ ကျွန်​​တော့်​ Noona က ​ချောပြီးသားပဲကို"

"ဟွန်း​လေးကလည်း....."

"ကဲပါ ​မောင်​နှမနှစ်​​ယောက်​ ​မြှောက်​​နေကြတာ မပြီးနိုင်​​တော့ဘူး၊ အ​ရှေ့မှာ ဧည့်​သည်​​တွေ​စောင့်​​နေပြီ မြန်​မြန်​ထွက်​ခဲ့​တော့"

"Omma ကလည်း"

Noona က​တော့ ရှက်​ပြုံး​လေးဖြင့်​ ပြန်​​ပြော​လေရဲ့။ ကျွန်​​တော်​က​လား။ကျွန်​​တော်​က​တော့ မမြင်​နိုင်​တဲ့ဒဏ်​ရာဒဏ်​ချက်​​တွေကို မြင်​နိုင်​တဲ့ဟန်​​ဆောင်​အပြုံးတစ်​ခုနဲ့ ဖုံးကွယ်​ရင်း​နဲ့ပေါ့။

သူ.......

ကျွန်​​တော့်​ရဲ့ တစ်​ဦးတည်း​သောချစ်​ရသူ.......

လျှောက်​လှမ်းထိပ်​မှာရပ်​လို့ ကျွန်​​တော်​တို့နှစ်​​ယောက်​ကို ​ငေးကြည့်​​နေ​လေရဲ့။ လှမ်းမြင်​​နေရတဲ့ သူ့မျက်​ဝန်း​တွေမှာ ​တောင်းပန်​တိုးလျှိုရိပ်​​တွေ အထင်းသား။

မ​တောင်းပန်​ပါနဲ့ ခင်​များဘာမှမမှားခဲ့တာတာမို့်​......
ဘာဖြစ်​ဖြစ်​နားလည်​​ပေးနိုင်​တာမို့........
ကျွန်​​တော့်​​နောက်​ဆုံးထွက်​သက်​ထိ ခင်​များတစ်​​ယောက်​တည်း ချစ်​သွားမှာမို့.....
ခင်​များကိုအားလုံးခွင့်​လွှတ်​ထားတာမို့......

က​လေး​ရေ.......
သူကိုယ်​တိုင်​ ကျွန်​​တော်​လက်​ထပ်​ရမည့်​ သတို့သမီးကို ခန်းမထဲလက်​တွဲပီးဝင်​လာတာ သူ့ရင်​ထဲဘယ်​​လောက်​​တောင်​ ခံစား​နေရမလဲ.........
သူ့မျက်​ဝန်း​တွေကတစ်​ဆင့်​​ပြော​နေတာ ကျွန်​​တော့်​ကိုခွင့်​လွှတ်​တယ်​တဲ့ ........
ကိုယ်​ဟာခွှင့်​လွှတ်​မှုဆိုတဲ့ စကားနဲ့​တောင်​မထိုက်​တန်​သူရယ်​ပါ.......

မျက်​ရည်​ကြည်​များပြည့်​လျှံ​နေ​သော မျက်​ဝန်းများနှင့်​ ကျွန်​​တော့်​လက်​ထဲသို့ ဝင်​​ရောက်​လာ​သောလက်​တစ်​စုံ......

"Noona ကို​ကောင်း​ကောင်း​စောင့်​​ရှောက်​ပါ Hyung"

အများအမြင်​မှာ​တော့သူဟာ အမကို​ပေးလိုက်​ရ၍ နှ​မြောတသရှိ​နေသကဲ့သို့။ အမှန်​တကယ်​ ခံစားချက်​ကို​တော့ ထိုလူသားနှစ်​ဦးသာလျှင်​အသိဆုံး။

သူဒီ​လောက်​​တော့ ဝမ်းနည်းခွင့်​ရှိတယ်​မလား။ ထိန်းထားတဲ့ကြားထဲက လက်​တစ်​စုံ​ပေါ်ကျ​သွား​သော မျက်​ရည်​စက်​။
လှမ်းကြည့်​လာ​သော မျက်​ဝန်းတစ်​စုံ။

မကြည့်​ပါနဲ့ ဒီလိုအချိန်​မှာ ခင်​များပါမျက်​ရည်​ကျရင်​ လူ​တွေအားလုံးအမြင်​မှာ ဘာဖြစ်​သွားမလဲ။ ဒီ​တော့လဲ ဟန်​​ဆောင်​ကာဖြင့်

"ဟင့်​ Noona က ကျွန်​​တော့်​ကိုထားသွားပြီ၊ ​ပြော​တော့ ငါ့​မောင်​​လေးနဲ့ပဲ​နေမှာ ​ယောကျာ်းမယူပါဘူးဆိုပြီး"

"ဟွန်း​လေးက​တော့​လေ က​လေးကျ​နေတာပဲ မျက်​ရည်​​တွေနဲ့"

"လက်​ထပ်​ပြီးလဲ Noona က ဟွန်း​လေးတို့နဲ့ အတူတူ​နေမှာပဲဟာကို Aigo က​လေး​လေးကျ​နေတာပဲ ငါ့​မောင်​​လေးက​တော့"

ကျေးဇူးပါ Noona ​ရေ အတူတူ​နေမယ်​ဆိုလို့ အနည်းဆုံး​တော့ ကျွန်​​တော်​ သူ့မျက်​နှာ​လေးကို မြင်​​နေခွင့်​ရှိ​သေးတယ်​​လေ။

"ယခုချိန်​မှစ၍ သတို့သား ပတ်​ချန်း​ယောလ်​နှင့်​ သတို့သမီး အိုဂျီဟွန်းတို့ တရားဝင်​ အကြင်​လင်​မယား ဖြစ်​​​မြောက်​သွားပါပြီ အကြင်​နာ​ပေးနိုင်​ပါပြီ"

မိုက်​ကရိုဖုန်းမှ ထွက်​​ပေါ်လာ​သော ဖာသာ၏စကားသံ​ကြောင့်​ သူခန်းမထဲမှ မြန်​နိုင်​သ​လောက်​မြန်​မြန်​ ထွက်​သွားနိုင်​​အောင်​ ကြိုးစားမိသည်​။

ဘယ်​လိုလိုပဲ​ပြော​ပြော သူကျွန်​​တော့်​​ရှေ့မှာ အခြားသူတစ်​​ယောက်​နဲ့ နမ်း​နေတာကို ကြည့်​နိုင်​​လောက်​တဲ့အထိ ခံနိုင်ရည်​​မရှိ​သေးပါ။

ခန်းမထဲကထွက်​လာကာ အခန်း​ထောင့်​မှာသာ တိတ်​တဆိတ်​ထိုင်​ငိုမိသည်​။ပုခုံးကို လာထိသာ အထိ​အ​တွေ့တစ်​စုံတစ်​ရာ

"Suho Hyung"

အရမ်းခံစား​နေရလား က​လေးငယ်​​ရေ၊ Hyung ရင်​ခွင်​က မင်းအတွက်​ဆို အမြဲတမ်းအသင့်​ရှိပြီးသားပါ......

ကျွန်​​တော်​ hyung ရင်​ခွင်​ထဲဝင်​ကာ က​လေးတစ်​​ယောက်​လို ငို​ကြွေးမိသည်​။

ငိုလိုက်​ပါ က​လေးငယ်​ မင်းခံစား​နေရတာ​တွေသာ သက်​သာသွားမယ်​ဆို hyung နှလုံးသားတစ်​ခုလုံး မင်းမျက်​ရည်​​တွေ​ကြောင့်​ ​လောက်​ကျွမ်းသွားလဲ ဂရုမစိုက်​တာမို့.......

***********************************
22.8.2018
#1183#

Don't Say SorryDonde viven las historias. Descúbrelo ahora