နောက်ဆုံးလူ Chapter 1

6.8K 247 24
                                    

[Zawgyi]

_One Night Mistake_

ယနေ့ သူမ လက်ထပ်သည့်နေ့ ...
သူ ချစ်ရသော သူမ အခြားတစ်ယောက်ကို လက်ထပ်သွားသောနေ့။

သူမ၏ မင်္ဂလာပွဲကို သူ ဟန်မပျက် တက်ရောက်ခဲ့ပါသည်။ သူမသည် သူ့ချစ်သူ မဖြစ်ခင်ကတည်းက သူ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်ခဲ့သူ မဟုတ်ပါလား။

သို့သော် ထိုသို့ အားတင်းထားသည့် စိတ်တို့သည် မင်္ဂလာအခမ်းအနားစတင်ပြီး သတို့သားနှင့် သတို့သမီး အနမ်းခြွေကြသည့် တဒင်္ဂအတွင်း အားပျော့ပျက်ပြယ်သွားခဲ့လေသည်။

နောက်ဆုံး အနာမကျက်သေးသည့် သူ့နှလုံးသားလေးက ဟန်တောင်မဆောင်နိုင်တော့ဘဲ လက်မှ ၀ိုင်ခွက်လေးပင် ပြုတ်ကျသွားခဲ့သဖြင့် သူ သူမကို လက်လေးပြ နှုတ်ဆက်ကာသာ မင်္ဂလာခန်းမအတွင်းမှ ထွက်ခဲ့လေတော့သည်လေ။

" မင်းရွေးချယ်မှု မှန်ကန်ပြီး ပျော်ရွှင်နိုင်ပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ် Gie Gie "

တီးတိုးရေရွတ်ရင်း ခန်းမ အပြင်ကို ထွက်ခဲ့ပြီးသည့်နောက် ကားကို ဦးတည်ရာမဲ့ မောင်းနေခဲ့သည်မှာ နေရောင်ပျောက်လို့ အမှောင်ထုပင် ကြီးစိုးလာခဲ့ပြီ။ ထိုအခါမှ Arthit လည်း မီးရောင်စုံ ထွန်းလင်းနေသော ဘားကလပ်တစ်ခုတွင် ကားကိုရပ်ကာ အတွင်းသို့ ၀င်ခဲ့လေသည်။
Arthit အထဲရောက်တော့ မီးရောင်ကာလာစုံများကြား ကခုန်နေသူတို့ကို ကျော်ကာ ဘားကောင်တာသို့သာ ဦးတည်လိုက်မိသည်။ အခု နာကျင်ခံစားနေရသည်များကို ဖျောက်ဖျက်ရန် တစ်စုံတစ်ရာကို သူ လိုအပ်နေသည် မဟုတ်ပါလား။

" လမ်းကို ဘယ်လိုလျှောက်နေတာလဲ လူတစ်ယောက်လုံးတောင် မမြင်ဘူးလား "

လူတွေကြား တိုးဝှေ့ပြီးထွက်အလာ ကောင်တာနား ရောက်ခါနီးမှ လူတစ်ယောက်ကို သွားတိုက်မိသည်လေ။တစ်ဖက်လူမှ ပြောလဲပြော တွန်းလည်းတွန်းလိုက်သောကြောင့် Arthit 'က' နေသူများကြားထဲ လွင့်သွားကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားသည်။

↭နောက်ဆုံးလူ↭ {Z&U}Where stories live. Discover now