နောက်ဆုံးလူ Chapter 2

3.2K 207 2
                                    

[Zawgyi]

_Meet Again_

Kongpop သဘက်ဝတ်နှင့် ခေါင်းကို သုတ်ရင်း နောက်ကို လှည့်ကြည့်မိတော့ Arthit ငေါက်ခနဲထထိုင်ကာ ခေါင်းကုပ်နေသည်ကို မြင်ပြီး နှုတ်ခမ်းစွန်းတွေ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်မိသည်။

'' သြ P' Arthit နိုးပြီလားဗျ ''

'' အ ... အင် ... နိုး ... နိုးးးပြီ ''

'' ဒါဆိုထတော့လေ အလုပ်သွားရဦးမှာမလား.''

'' အင်း ထ... ထပြီ ညက... ကိ... ကိစ္စအတွက်တောင်းပန်ပါတယ် ''

'' ဗျာ ဘာကိုလဲ ''

'' ဟို... ဟို ... ညက ငါ... ငါ မင်းကို ... ကို ... ''

စောင်ကို လည်ပင်းနားထိ ပတ်ခြုံလိုက်ပြီး ကုတင်ပေါ်တွင် ပဆစ်တုပ် ထိုင်ရင်း ခေါင်းလေးငုံ့ကာ အ ထစ် အ ထစ် နှင့် လက်နှစ်ဖက်ကို ပွတ်ခြေပြောနေသည့် Arthit ကို သူ စိုက်ကြည့်နေမိသည်။

'' ဟုတ် ဆက်ပြောပါ P' Arthit ''

'' ငါ မင်းကို အ ... အဲ ဘယ် ... ဘယ်လိုပြောရမလဲ ဟို မြှူ... မြှူဆွယ်မိတာကို တောင်းပန်ပါတယ်လို့ ပြီးတော့ အဲ့ကိစ္စကို မရှိသလို လုပ်ပေးပါ ''

အ ထစ် အ ထစ် ပြောနေရင်းမှ ရုတ်တရက် တစ်ချက် မော့ကြည့်လာပြီး မျက်လုံးစုံမှိတ်ကာ ပြောပစ်လာသည့် Arthit ကြောင့် Kongpop ခေါင်းသုတ်လက်စ လက်တွေ တန့်ခနဲ ရပ်သွားမိသည်။

'' P' အဲ့ဒါကလေ ... ''

'' မဟုတ်ဖူး ငါတောင်းဆိုတာပါ မေ့ပစ်ပေးပါကွာ ငါ ... ငါအမူးလွန်သွားလို့ ''

Kongpop အပြောကို ဆက်နားမထောင်ဘဲ ပြောချင်ရာကို တရစပ် ဆက်ပြောပြီး စောင်ခြုံလျက်သားပုံစံနှင့် ရေချိုးခန်းထဲ ဝင်သွားသည့် Arthit ကျောပြင်ကိုသာ သူ ပါးစပ်လေး ဟရင်း ငေးကြည့်နေမိတော့သည်။

'' ဒီတစ်ခါတော့ အလျှော့ပေးလိုက်ပါ့မယ် P' နဲ့ ကျွန်တော် ထပ်ဆုံဦးမှာပါ ''

Arthit ရေချိးခန်းထဲက ပြန်ထွက်တော့ အခန်းထဲမှာ ဘယ်သူမှ ရှိမနေတော့။ ဟိုကြည့်ဒီကြည့်နှင့် မျက်လုံးတွေ ဝေ့ဝိုက်ရှာရင်း ဘယ်သူမှမရှိတာသေချာမှ သက်ပြင်းအသာ ချလိုက်မိသည်။ ထိုသက်ပြင်းတွင် စိတ်သက်သာရာရမှုများ မပါရှိပဲ အားနာမှုများသာ ပါရှိသွားသည်ကိုတော့ သူသာ သိသည်။

↭နောက်ဆုံးလူ↭ {Z&U}Unde poveștirile trăiesc. Descoperă acum