နောက်ဆုံးလူ Chapter 7

2.2K 156 13
                                    

[Zawgyi]

_I Will Take Care Of You_

'' ဟင် မင် ... မင်းက ဘယ်လိုလုပ် ... ''

'' Kelvin ''

Kongpop တံခါးဖွင့်လိုက်တော့ တံခါးရှေ့တွင် ရှိနေသည့် Kelvin က သူ့ကိုမြင်ပြီး အံ့သြသွားသလို သူလဲ Kelvin ကို မြင်လိုက်ရ၍ အံ့သြနေမိသည်။

'' ဘယ်သူလဲ Kongpop ''

သူတို့နှစ်ဦး ဘာစကားမှ မပြောဖြစ်ဘဲ အကြည့်ပြိုင်နေစဉ် အခန်းထဲမှ ထွက်လာသော P' Arthit အသံကြောင့် Kongpop အခန်းထဲ ပြန်လှည့်ကြည့်ချိန် Kelvin က အရင်အသံပြုလိုက်သည်။

'' ကျွန်တော်ပါ P' Arthit ''

'' အင်း ဝင်လာခဲ့ကြ... ကြ... အမ် Kongpop ဘာလို့ တံခါးပိတ်လိုက်တာလဲ ''

Kongpop အခန်းထဲ Kelvin မဝင်နိုင်ခင် တံခါးကို အမြန်ပိတ်ပစ်လိုက်တော့ ထူးဆန်းသလို လှမ်းကြည့်နေသည့် P' Arthit ဆီ သူ အပြေးသွားလိုက်သည်။

'' P' Arthit မျက် ... မျက်နှာအရင်သစ် အဝတ်လေးလဲ တစ်ခါတည်း လဲခဲ့ဦး သူစိမ်းလာတာ အိမ်နေဝတ်ကြီးနဲ့ မကောင်းဘူးလေ နော် Khun Kelvin ကို ကျွန်တော် ဧည့်ခံထားလိုက်မယ် ဟုတ်ပြီလား ''

'' အင် အင်း ဟုတ်သားပဲ Kongpop အဲ့ဒါဆို ဧည့်ခံထားပေးဦး ငါ အမြန်သွားလိုက်မယ် ''

'' ဟုတ် ''

Arthit သဘက်နှင့် လဲစရာအဝတ်တစ်ချို့ အမြန်ယူပြီး ရေချိုးခန်းထဲ ဝင်သွားမှ Kongpop တီးတိုးရွတ်ကာ နှုတ်ခမ်းစွန်းတစ်ဖက် ကွေးတက်အောင် ပြုံးရင်း Kelvinကို အခန်းတံခါး သွားဖွင့်ပေးလိုက်သည်။

'' ဟက် P' Arthit ရဲ့ နိုးခါစအလှလေးကို ဒင်းကို လုံးဝ လုံးဝ ပေးမမြင်နိုင်ပါဘူး ''

'' ဝင်လာလို့ရပါပြီ Khun Kelvin ''

Kelvin တစ်ယောက် မျက်မှောင်ကြုတ်လျက် အနေအထားနှင့်သာ အခန်းထဲ ဝင်လာပုံကို Kongpop မသိချင်ယောင်ဆောင်ကာသာ အခန်းတွင်း လိုက်ဝင်လာခဲ့လိုက်လေသည်။

'' မင်းက ဘယ်လို ဒီရောက်နေတာလဲ ''

'' ရောက်သင့်တဲ့နေရာမှာ ရောက်နေတာလေ မင်းကသာ သူများအိမ်ကို မနက်စောစောစီးစီး ဘာလာလုပ်တာလဲ ''

Kelvin အမေးကို Kongpop ဘောက်ဆတ်ဆတ်သာ ပြန်ဖြေတော့ ခပ်ဟဟရယ်လာသည့် Kelvin ။

↭နောက်ဆုံးလူ↭ {Z&U}Where stories live. Discover now