နောက်ဆုံးလူ Chapter 6

2.2K 167 8
                                    

[Zawgyi]

_Worry You_

Kongpop စိတ်ရှုပ်ရှုပ်နှင့် သန့်စင်ခန်းဝင်ပြီး ဘေစင်တွင် လက်ဆေးနေစဉ် အနားကို ရောက်လာသည့် အရိပ်တစ်ခု။

'' Long Time No See My Brother ''

'' Kelvin မင်း ဒီကို ဘာလာလုပ်တာလဲ ''

မျက်နှာပြောင်တိုက်ကာ နှုတ်ဆက်လာသူကို သူ တဲ့တိုးသာ မေးချလိုက်တော့ Kelvin က အပြုံးမပျက်သာ ပြန်ဖြေလာသည်။

'' ဘာကိုလဲ အလုပ်လာလုပ်တာလေ ''

'' အပိုတွေ မပြောနဲ့ ခင်ဗျားလား ဒီကို အကြောင်းမရှိဘဲလာမှာ ''

'' ဟင်း အေးလေ အကြောင်းသိတွေဆိုတော့လည်း ... ''

မျက်နှာအချိုးက ချက်ချင်းပြောင်းကာ မထီပြုံးပြုံးပြလာသည့် မျက်နှာကမှ လူအနည်းငယ်သာ တွေ့ဖူးလောက်မည့် Kelvin ဆိုသူ၏ မုန်းစရာကောင်းသော မျက်နှာဖုံးချွတ် မျက်နှာအစစ်။

'' ငါက မင်းအဖေ အမိန့်အရ ဒီနေရာကို ခဏ တာဝန်လာယူပေးတာပေါ့ အင်းးး ဒါပေမယ့် ပြန်ပေးဖြစ် မပေးဖြစ်ကတော့ ငါ့သဘောဖြစ်သွားပြီဆိုတော့က ... ''

တဟားဟားရယ်ကာ ထွက်သွားသော Kelvin သည် သူထင်သည့်အတိုင်း သည်နေရာကို လက်ဝါးကြီးအုပ်ရန် ကြံနေသည်လားပဲ။ Por ကို ပြောလျှင်လည်း ညီအစ်ကိုတွေ မတည့်၍ အမုန်းပွားပြီး ချောက်တွန်းသည်ဟုသာ ထင်လောက်မည်။

Kongpop Por တွင် ညီအစ်ကိုနှစ်ဦးသာ ရှိပြီး အိမ်ထောင်ကိုယ်စီကျပြီးနောက် လပိုင်းသာခြားပြီး သားတစ်ယောက်စီ ထွန်းကားကြသည်။ နောက် Por မိဘတွေ ဆုံးခါနီး မိဘအမွေ ရသည်ချင်း အတူတူကို အသုံးအဖြုန်းကြီးသော ဘကြီးဖြစ်သူကြောင့် စီးပွားပျက်သွားခဲ့သဖြင့် နောက်ဆုံး Kongpop Por ကသာ အစ်ကိုကြီးမိသားစုဆိုပြီး အားလုံးကို ကူညီ စောင့်ရှောက်ပေးခဲ့ရသည်လေ။

ဒါကို ကျေးဇူးမတင်ဘဲ ငယ်စဉ်ကတည်းက အမြဲ Kongpopနေရာကို လောဘတက်တတ်သော Kelvin နှင့် Kongpop သည် လုံးဝမတည့်။ Kongpop ဝတ်သည့်အဝတ် စားသည့်အစား တက်သည့်ကျောင်း အကုန် Kelvin လည်း လိုက်လုပ်ကာ ပြိုင်ဆိုင်တတ်သည်။

Kongpop ပိုင်ဆိုင်သမျှကိုပဲ လိုချင်တပ်မက်တတ်သည်။ နောက်ဆုံး ဘော်စနီထိ အတူကျောင်းလိုက်တက်သူကို Kongpop မျက်စိလှည့်ပြီး ကျောင်းပြောင်းတက်ခဲ့၍သာ မေဂျာမတူခဲ့ခြင်း။

↭နောက်ဆုံးလူ↭ {Z&U}Tahanan ng mga kuwento. Tumuklas ngayon