[Zawgyi]
_I Really Don't Like_
'' ဒါဆို ငါတို့ ပြန်နှင့်ပြီနော် ''
P' Earth နှင့် P' Sam Oh တို့ နှုတ်ဆက်ကာ ရုံးဆင်းသွားတော့ ရုံးခန်းတွင် ကျန်နေခဲ့တာက သူနှင့် Kongpop။ သိပ်မကြာခင် သူလည်း အလုပ်တွေ လက်စသတ်ပြီး ပြန်ဖို့ ပြင်လိုက်သည်။
'' ငါ ပြန်နှင့်ပြီ Kongpop ''
Arthit ... Kongpop ပြန်မဖြေကိုပင် မစောင့်တော့ဘဲ အပြင်ကို ခပ်သုတ်သုတ်ထွက်ခဲ့တော့ နောက်မလှမ်းမကမ်းကနေ လျှောက်လာနေသော Kongpop အရိပ်ကို မြင်လိုက်ရသည်လေ။
အစပိုင်းတော့ ရုံးကထွက်စမို့ လမ်းတူသည်ကြောင့်ဟု ထင်ခဲ့သော်လည်း အခုဆို သူ့အိမ်လမ်းအကွေ့နား ရောက်ခါနီးအထိ လိုက်လာနေသော Kongpop ကြောင့် သူ ခြေလှမ်းတွေကို ရပ်လိုက်သည်။'' မင်း ဘာလိုက်လုပ်တာလဲ Kongpop ''
'' ဗျာ ဘာကိုလဲ P' Arthit ''
'' မဗျာနဲ့ လမ်းတစ်လျှောက်လုံး ငါ့နောက်က ဘာလိုက်လုပ်နေတာလဲလို့ ''
'' အင် မလိုက်ပါဘူးဗျာ ကျွန်တော့ဘာသာ အိမ်ပြန်နေတာကို ''
'' ဟမ် ဟုတ်လို့လား မင်းက ဒီနားမှာပဲ နေတာလား ''
Kongpop သူ့အဖြေကို မယုံသလိုကြည့်ကာ ပြန်မေးလာသည့် Arthit ကြောင့် နှုတ်ခမ်းထောင့်စွန်းတစ်ဖက် တွန့်ကွေးသွားမိသည်။
'' ဘာလဲ ကျွန်တော်က P' Arthit နောက် တမင်လိုက်နေတယ် ထင်လို့လား ဒါဆို လိုက်ပြီး ဘာလုပ်မယ်ထင်လဲ ''
လက်ကလေးနှစ်ဖက်ကို နောက်ပစ်ရင်း ခန္ဓာကိုယ် အပေါ်ပိုင်းကလေးက Arthit နားတိုးကာ မျက်ခုံးတစ်ဖက်ပင့်လျက် ရိသဲ့သဲ့မေးလာပြန်သည့် Kongpop သည် Arthit မျက်စိထဲ ဆွဲဆောင့်ပစ်ချင်လောက်အောင် အမြင်ကတ်စရာ ကောင်းလွန်းလှသည်။
'' မဟုတ်ရင်လည်း ပြီးတာပဲ ဖယ်တော့ ''
သူ Kongpop ပုခုံးကို တွန်းတိုက်ကာ ထွက်လာပြီး အိမ်ကို အမြန်သုတ်ခြေတင်ခဲ့လိုက်သည်။ ထို Kongpop သည် သူ့အကြောင်းတွေကို ထုတ်မပြောရုံတမယ် ပြီတီတီလုပ်ပြနေသည်မှာ သူ့ကို ထိုနေ့ညက အမှားအား ပိုသတိရမိစေသည်မို့ ရှက်မိနေရသည့် ခံစားချက်ကြီးကို သူ တကယ် မုန်းပါသည်။
![](https://img.wattpad.com/cover/165399924-288-k305907.jpg)
YOU ARE READING
↭နောက်ဆုံးလူ↭ {Z&U}
Fanfiction'' The Door, The Air And Good Day '' MV လေးရဲ့ အဆက်သဘောမျိုး စိတ်ကူးယဉ်ကြည့်ထားတာပါ။ P' Arthit တစ်ယောက် အသည်းကွဲပြီး မင်္ဂလာဆောင်ကအပြန် Kongpop နဲ့ ဘယ်လိုဆုံသွားမလဲ ? ဒီဆုံတွေ့မှုဟာ တစ်ကယ်ပဲ မတော်တဆလား ? တစ်ညတာအမှားတိုင်းဟာ ခံစားချက်အမှားတွေပဲလား ? အခ...