နောက်ဆုံးလူ Chapter 12

2K 162 14
                                    

[Zawgyi]

_Understanding_

ဘယ်လောက်ပဲ အမြင်က အထင်လွဲစရာဖြစ်ခဲ့စေကာမူ P' Arthit သူ့အပေါ် ဒီလောက်ထိ ဆက်ဆံသွားမည်ဟုတော့ Kongpop မထင်ခဲ့မိတာအမှန်။

ဒီတလော ရင်းနှီးခဲ့မှုတွေက ဘာမှမဟုတ်ခဲ့ဘူးလား P' ရယ်။

ရှင်းပြခွင့်လေးတောင် မပေးနိုင်လောက်အောင် P' Arthit သည် သူ့ကို မုန်းသွားပြီလား။ ထိုအတွေးတို့က သူ့ရင်ဘတ်တစ်ခြမ်းကို စုတ်ပြတ်သွားသလို ခံစားရစေသည်။

'' P' Arthit ... ''

ရုတ်တရက် မြင်လိုက်ရသည်မို့ ခပ်တိုးတိုးရေရွတ်မိလိုက်သော်လည်း သိပ်မဝေးသည်မို့ ကြားသွားသည်ထင်သည်။ ဘယ်သူများ ခေါ်သလဲဆိုတာ လှည့်ကြည့်ပြီး သူမှန်းသိသည်နှင့် မျက်မှောင်က အလိုလိုကြုတ်သွားသည့် ချစ်ရသူကြောင့် Kongpop မြေကြီးထဲ နစ်ဝင်သွားမလား အောက်မေ့ရအောင် သက်ပြင်းကို ချလိုက်မိသည်။

'' P' ညစာလာဝယ်တာလား ''

'' အင်း ''

စိတ်ရှုပ်ဟန်ပေါ်နေသည့် ချစ်ရသူကြောင့် ပြောမည့်စကားတို့ကို နှုတ်ခမ်းဝတွင် ပိတ်သိမ်းလိုက်မိသည်။ သူ့ကို မြင်ရသည်မှာ အတော်လေး ပင်ပန်းနေသည်ထင်ပါရဲ့။ စိတ်ချပါ ချစ်သူ မင်းစိတ်တိုင်းကျ ကိုယ်နေပေးမှာမို့ ... ။

သို့ပေမယ့် တစ်ခု ... တစ်ခုတော့ သေချာပေါက် ပြောချင်သည်။

'' P' Arthit ကျွန်တော် ... ... ... ''

'' ဘာလဲ ဘာပြောချင်လို့လဲ ရှင်းပြဖို့ ဆိုရင်တော့ ... ''

'' မဟုတ်ပါဘူး P' အဲ့လိုမဟုတ်ဖူး ကျွန်တော့်စကားကို တစ်မျိုးမထင်ပါနဲ့ ကျွန်တော်က စေတနာနဲ့ ပြောမှာပါ ''

သူ စကားကို ခေတ္တရပ်ကာ P' Arthit ကို အကဲခတ်လိုက်တော့ ဒေါသထွက်နေဟန်မရှိဘဲ နားထောင်ပေးနေသည်မို့ သူပြောမည့်စကားကို ဆက်လိုက်သည်။

'' Khun Kelvin ကို သတိထားပါ P' တခြားဟာတွေ နားမထောင်ချင်နေပါ ဒါလေးတော့ ကျွန်တော်ပြောတာ အလေးထားပေးပါ P' Arthit ကျွန်တော့ကို သွားခွင့်ပြုပါဦး ''

ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် P' Arthit၏ တုံ့ပြန်မှုတွေကို ရင်မဆိုင်ရဲလို့ နေရာမှ အမြန်ထွက်လာခဲ့သည်။ အနားမှာ မရှိပေးနိုင်တော့ပေမယ့် သတိပေးစရာရှိသည်ကိုတော့ လျစ်လျူမရှုနိုင်ပါ။ ထို Kelvin သည် P' Arthit ကိုပါ အန္တရာယ်မပေးဘူး မပြောနိုင်ဘူးလေ။

↭နောက်ဆုံးလူ↭ {Z&U}Where stories live. Discover now