နောက်ဆုံးလူ Chapter 10

1.7K 131 5
                                    

[Zawgyi]

_ Misunderstanding_

'' P' Arthit ''

'' သြော် N' Kelvin ''

Arthit ကော်ဖီစက်တွင် ကော်ဖီဖျော်နေစဉ် အနားရောက်လာသည့် Kelvin ကြောင့် သူ ပြန်ပြုံးပြရင်း နှုတ်ဆက်လိုက်မိသည်။

'' N' ကော်ဖီသောက်ဦးမလား ''

'' တော်ပြီ P' ရတယ် P' ဘာသာ သောက်ပါ ''

'' ဟုတ် ''

'' ဒါနဲ့ Khun Kongpop ကော ''

'' အာ သူ ခုနကပဲ စက်ရုံသွားလိုက်ပြီ ဟို အဲ့ကိစ္စကလည်းလေ တကယ်တော့ သူ့အမှားမဟုတ်ပါဘူး စစ်ဖို့လိုသွားတဲ့ ကျွန်တော်တို့ အကြီးတွေ အပြစ်လည်း ပါပါတယ် ''

'' ဖြစ်တတ်ပါတယ် P' Arthit ဒါပေမယ့် တစ်ခုခုဆို သူ တာဝန်ယူရတော့မှာ သူ လက်မှတ်ထိုးထားတော့လေ ''

'' အင်း သူ ဖြေရှင်းနိုင်မှာပါ ကျွန်တော်ယုံကြည်တယ် ''

'' ဟုတ်ပါပြီ P' Arthit ကျွန်တော်လည်း အဲ့လိုမျှော်လင့်ပါတယ် ''

'' ဒါဆို အလုပ်သွားဆက်လုပ်လိုက်ဦးမယ်နော် N' Kelvin ''

'' ဟုတ်ကဲ့ပါ P' ''

ကော်ဖီခွက်လေးကိုင်ကာ ထွက်သွားသော Arthit ကျောပြင်ကို ကြည့်ရင်း Kelvin မဲ့ပြုံးတစ်ချက်ပြုံးမိသည်။

'' ဟက် P' ဒီလောက်ယုံကြည်ထားတဲ့ ချစ်လှစွာသော N' လေးက နောက်ကျောဓားထိုးတာကို P' မြင်ရတော့မှာပါ ''

Arthit ကော်ဖီလေးသောက်ရင်း ရုံးခန်းထဲ ပြန်ဝင်လာတော့ သူ့စားပွဲပေါ်တွင် မြင်လိုက်ရသော စာအိတ်ညိုတစ်အိတ်။

'' ဟင် ဒါဘယ်သူလာထားသွားတာလဲ နာမည်လဲ မပါဘူး ''

Arthit စားပွဲပေါ်မှ စာအိတ်ကို ယူကာ ဖင်ပြန်ခေါင်းပြန် လှန်ကြည့်လိုက်သော်လည်း အမည် လိပ်စာ ဘာမှမတွေ့ရ။

'' P' Earth ဒါ ဘယ်သူလာထားသွားလဲ တွေ့လိုက်မိသေးလားဗျ ''

'' ဟင် ဟုတ်လား P'လည်း မသိလိုက်ဖူးကော ဘယ်သူလာထားသွားပါလိမ့် ''

ရုံးခန်းတွင်း ရှိနေသော P' Earthကို မေးလိုက်သော်လည်း P' Earth က Arthitနှင့် စာအိတ်ကို တစ်ချက်ပဲ လှမ်းကြည့်ကာ ပြန်ပြောရင်း အလုပ်ဆက်လုပ်နေတော့သည်မို့ Arthit လည်း ထပ်မမေးတော့ဘဲ ဘာပါလိမ့်ဆိုပြီး ဖွင့်ကြည့်လိုက်မိသည်။

↭နောက်ဆုံးလူ↭ {Z&U}Wo Geschichten leben. Entdecke jetzt