နောက်ဆုံးလူ Chapter 3

2.7K 184 12
                                    


[Zawgyi]

_Sweet Revenge_

'' ဟာ မင် … မင်း Kong … Kongpop ''

'' အင်း ငါအခန်းရှေ့တောင် ရောက်နေပြီ သူငယ်ချင်း ''

Arthit သူ့အား ရယ်ပြနေသော Kongpop ကို လက်ညှိုးတထိုးထိုးနှင့် ကြောင်ငေးမိနေစဉ် P' Sam Oh အသံကို လှမ်းကြားလိုက်ရသဖြင့် လက်ကို ရုတ်လိုက်မိသည်။

'' Oh N' Arthit ပြန်ရောက်ပြီလား ''

'' ဟုတ် P' Sam Oh မနေ့ညကမှ ပြန်ရောက်တာ ''

'' Sawadee krup P' Sam Oh ''

'' အင်း Wadee ပါ N' Kongpop အာ အရင်ရောက်နေကြတာဆိုတော့ နှစ်ယောက်သား မိတ်ဆက်ပြီးကြပြီလား ''

'' ဟုတ် … ''

'' မသိပါဘူး ကျွန်တော် ခုမှရောက် … ရောက် … ''

'' ဟာ ငါ့ဖိုင်အိတ် သေစမ်း သေစမ်း Sam Oh ရ ကားထဲပြန်ဆင်းယူရတော့မယ် တကယ်ပါပဲ ''

Kongpop ၏ ဟုတ်တယ် သိပြီးသားဆိုသော စကားထွက်လာမည်စိုး၍ Arthit အမြန်ပင် မသိသေးကြောင်း အရင်ဝင်ပြောလိုက်မိသည်။ သို့သော် နှစ်ယောက်လုံး၏ စကားများသည် P' Sam Oh ၏ ပြာယာပြာယာအသံဖြင့် ထွက်သွားသည့်နောက် တိမ်မြုပ်ပျောက်ကွယ်သွားလိုက်ရသည်။

ထို P' Sam Oh သည် သူစအလုပ်လုပ်ကတည်းက အခုချိန်ထိ သူ့စကားဆို ဘယ်တော့မှ ဆုံးအောင်နားမထောင်နိုင်ဘဲ အာရုံများလွန်းသည်ဟု Arthit စိတ်ထဲမှ တီးတိုး ပွစိပွစိရွတ်ကာ နေရာမှာ ထိုင်လိုက်မိသည်။

ပြီးမှ Kongpop ကို သတိရသွားပြီး လှမ်းမေးမည်အလုပ် P' Earth ဝင်လာကာ နှုတ်ဆက်ပြန်သဖြင့် သူ P' Earth ကိုသာ ပြန်အာရုံစိုက်လိုက်ရသည်။

'' N' Arthit ပျော်ခဲ့ရဲ့လား ''

'' ဟုတ် ကောင်းကောင်းအနားယူခဲ့ရပါတယ် P' Earth တို့သာ ကျွန်တော့ကြောင့် အလုပ်ပိုသွားမယ်ထင်တယ် ''

P' Earth စကားကို ပြန်ဖြေရင်း သူ ကျေးဇူးတင်စွာ အားနာစကားဆိုလိုက်မိသည်။

'' အာ ရတယ် ဘာမှအလုပ်မပိုဘူး မင်းအလုပ်တွေ အကုန် N' Kongpop ကူပေးထားတယ်လေ သြော် မမိတ်ဆက်ပေးရသေးဘူးပဲ ဒါက တို့ဌာနကို ရောက်တဲ့ ဝန်ထမ်းသစ်လေ Kongpop Suthiluck တဲ့ ''

↭နောက်ဆုံးလူ↭ {Z&U}Where stories live. Discover now