Chapter 8

1.1K 89 20
                                    

ဒီကလေး အ၀တ်အစားဝင်လဲနေတာ၁၅မိနစ်လောက် တောင်ရှိတော့မှာတောင်ခုထိထွက်လာမသေးလို့အထဲ
မှာများအရှက်သည်းပြီးထိုင်ငိုနေပြန်ပြီလားလို့စိတ်ပူသွား
မိတယ်။

ဓာတ်လှေကားထဲမှာသူဘာလို့နမ်းလိုက်လဲမသိပေမဲ့နမ်းပြီးတဲ့အချိန်သူ့ပုံစံလေးကတော်တော်ကြီးကိုစိတ်ရှုပ်နေတဲ့ပုံ
လေး။ကျွန်တော်ရုတ်တရက်ကြောင်နေမိပေမဲ့သတိဝင်လာတဲ့အချိန်သူ့ကိုစိတ်ပူမိတာပဲသိတော့လို့မြန်မြန်လိုက်ရှာ
တော့သူ့ကားလေးဘေးနားမှာကြောင်စီစီလေးနဲ့ထိုင်နေ
ရှာလို့စိတ်တွေတအားပူသွားတော့တယ်။သူ့မှာဖြေရှင်း
ရခက်နေတဲ့ပြဿနာတခုခုများရှိနေတာလား။

အထူးသဖြင့်ချစ်ရေးချစ်ရာပေါ့။ဒီကလေးယောက်ျားလေးတယောက်ယောက်ကိုစိတ်ဝင်စားနေလို့များသူ့ကိုယ်သူ
Gayဟုတ်မဟုတ်သိရအောင်လို့လာနမ်းတာများလား။
သူနမ်းတဲ့အနမ်းကလဲ အနမ်းလို့တောင်ပြောလို့မရတာပဲ။ ကလေးလေးတွေမွမွပေးသလိုလေးလာဖိကပ်သွားတာ
များ။ပြီးတော့သူပဲအရှက်သည်းပြီးတရှုံ့ရှုံ့နဲ့ငိုနေတာများ ကလေးလေးတယောက်လို။ငိုပြီးနှာခေါင်းလေးတွေရဲလို့။
ချစ်စရာလေးရယ်။သူသဘောကျတဲ့သူကဘယ်သူလဲဆို
တာမသိပေမဲ့၊လိင်တူချင်းသဘောကျနေတာဖြစ်နေလို့စိုး
ရိမ်မိပေမဲ့ Lamပြောသလိုခေတ်ပြောင်းနေပြီပဲဆိုတော့ သူ့ကိုတကယ်ချစ်ပြီးတန်ဖိုးထားမယ့်လူကောင်းတယောက်ပဲဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

"Nong ကြာနေပြီလေ၊ခုထိလဲလို့မပြီးသေးဘူးလား"

"Khap ..P ပြီးပါပြီ"

ပြီးပြီဖြစ်ကြောင်းပြန်ဖြေသံနဲ့အတူခဏအကြာတံခါးလက်ကိုင်လှည့်သံClickကနဲကြားပြီးမျက်စိရှေ့ပေါ်လာတာကကျွန်တော့T Shirt ဖားဖားနဲ့Short Pantအတိုလေးနဲ့ Nong Beam။ ကျွန်တော့T Shirt ကသူနဲ့တော် တော်ကိုကြီးနေလို့ဖားဖားလျားလျားဖြစ်နေတဲ့ပုံလေးက
ဟိုဝိဥာဉ်ကားလေးထဲကCasperဆိုတဲ့သရဲလေးကိုတန်းသတိရသွားမိလို့ပြုံးလိုက်မိရင်းပြောလိုက်မိတော့တယ်။

"Casper လေး"

ကျွန်တော့စကားကြားတော့ပထမသူမျက်လုံးအပြူးသား
လေးနဲ့ကြည့်နေရာကနောက်မှကျွန်တော်ဘာပြောတယ်
ဆိုတာသဘောပေါက်သွားတယ်ထင်ရဲ့။မျက်နှာလေးက
စူပုတ်ပုတ်လေးဖြစ်လာတော့တာမို့ရယ်လိုက်ရင်းသူ့ဆံပင်အုပ်အုပ်လေးကိုဆွဲဖွပြီးတော့လက်မောင်းကနေဆွဲပြီး
ထမင်းစားပွဲကိုခေါ်လာလိုက်တယ်။

The Boy NextdoorWhere stories live. Discover now