Chapter 13

1K 105 16
                                    

"ဘယ်အကိုကမှညီကKissingပေးတာကိုငြိမ်ခံမနေ
ဘူး P ၊ယောက်ျားလေးတယောက်ကိုချစ်ဖို့ဒီလောက်
သွေးကြောင်နေဖို့မလိုပါဘူးဗျာ။ချစ်ရင်ချစ်တယ်ပေါ့။
ကျွန်တော်ကတော့ Pကိုချစ်တယ် "

Beam ပြောခဲ့သည့်ဒီစကားလေးတွေကနားထဲကမထွက် တော့။ထပ်ခါထပ်ခါပြန်ပြန်ကြားယောင်နေမိရင်းရင်ထဲကလေးလံနေတော့တယ်။တကယ်ရောသူပြောသလိုပဲကိုယ့်စိတ်ကိုမသိတာဖြစ်နေမလား။မဖြစ်နိုင်ပါဘူး။ကျွန်တော် Gay မဟုတ်ဘူးလေ။

"ယောက်ျားလေးတယောက်ချစ်မိရအောင်Gayမှမဟုတ်ပဲ"

"Shiaa .. Nong Beam ကရော Gay မို့လို့လား"

ဲီဲAi Lam ရဲ့စောင့်အောင့်အောင့်နဲ့ပြောလာတာကို မသိချင် ယောင်ဆောင်ပြီးဖြေလိုက်တယ်။

"မဟုတ်ဘူးထင်တာပဲ "

"Hmph !!! "

Ai Lam ရဲ့ဟမ့်ကနဲ့ အသံကိုမသိကျိုးကျွံနေလိုက်ရင်း ရှေ့ကBeer ကိုမော့သောက်လိုက်တယ်။တစ်နေ့လုံး လူနဲ့စိတ်နဲ့မကပ်သလိုဖြစ်ပြီးတော့Beamရဲ့စိတ်ပျက်ခြင်းတ၀က် ၊မျှော်လင့်ခြင်းတ၀က်နဲ့ကြည့်သွားတဲ့အကြည့် တွေကိုမြင်ယောင်မိရင်းကိုယ့်ကြောင့်ဆိုတဲ့တာဝန်မကင်းတဲ့စိတ်လိုမျိုးခံစားနေမိတာကြောင့်နောက်ဆုံးAi Lam ကို မွန်းကြပ်နေတဲ့စိတ်ခံစားချက်တွေကိုဖွင့်ထုတ်ပြောပြ ဖို့ရာအလုပ်ကအပြန်Barကိုထွက်လာခဲ့ကြခြင်း။ဖြစ်စဉ်
အစအဆုံးဤသည်မရွေးပြောပြအပြီးမှာAi Lam က Nong Beam ဖက်သားအပြည့်အ၀ဖြစ်သွားခဲ့တော့ တယ်။

"Nong Beam က Gayမဟုတ်ဘူးဆိုတာငါသေချာ သလောက်ရှိတယ်။ဒီမတိုင်ခင်ကငါနဲ့အမြဲသွားသွားလာလာ၊စားစားသောက်သောက်ရှိတာဆိုတော့တူတူရှိချိန်သူပြောတာဘယ်မိန်းကလေးကချောတယ်၊ဘယ်ကောင်မလေးက
ဖြင့်မိုက်တယ်။လမ်းသွားနေရင်းဘော်ဒီအမိုက်စားနဲ့မိန်းကလေးတယောက်တွေ့လိုက်ရင်များ မျက်လုံးကျွတ်ကျ မတက်လိုက်ကြည့်တက်သေးတာ"

"အော်  အော်  ... သူကအဲ့လိုလိုက်ကြည့်နေချိန်မင်းက တော့ သူ့ပဲလိုက်ကြည့်နေပုံပဲ၊သူလိုက်ကြည့်တာတောင် ကြည့်နေတာကိုသိပုံထောက်တော့"

"Oii သူကရိုးရိုးကြည့်ကြည့်တာမဟုတ်ဘူး။အဲ့သောက် ကလေးလေးကကောင်မလေးဘာCupညာCupဆိုတာ
ပါတံတောင်နဲ့တွက်ပြီးပြောနေသေးတာမသိပဲနေမလား၊
ခွီးတဲ့မှပဲ"

The Boy NextdoorTempat cerita menjadi hidup. Temukan sekarang