Chapter 19

1.3K 94 16
                                    

အသက်၂၆ရောက်မှ ချစ်သူတယောက်ဖြစ်ဖြစ်မြောက် မြောက်ရလိုက်တဲ့ကျွန်တော် ။ ဒီလိုပြောလို့ကျွန်တော့ကို ဂေါ်မစွံတဲ့လူပျိုသိုးကြီးလို့တော့မထင်ပါနဲ့။မိန်းကလေးတွေအများကြီးနဲ့တွဲခဲ့ဖူးပေမဲ့ချစ်တယ်ဆိုတဲ့ခံစားချက်ကဒီ
ကလေးဆိုးနဲ့မှခံစားတက်လာတာမို့လို့။ဒါပေမဲ့လေ ကျွန်တော့မှာတဖြေးဖြေးနဲ့ချစ်သူတစ်ယောက်ရလိုက် တာလား၊ကလေးတယောက်ရလိုက်တာလားမသဲကွဲတော့
ဘူး။

အသက်၈နှစ်လောက်ကွာတာမို့လို့စသိသိခြင်းထဲကညီငယ်လေးလိုအလိုလိုက်ပေးထားတက်တာခုချစ်သူဖြစ်တော့သူဆိုးချင်သလိုဆိုး၊ဂျီကျချင်သလိုကျခွင့်ရတဲ့လက်မှတ်ရပြီးသားဖြစ်သွားတာဆိုတော့သူလိုချင်တာတခုခုရှိပြီဆိုရင်နည်းမျိုးစုံနဲ့ကိုပူဆာပြတော့တာပါပဲ။ဒီနေရာမှာပူဆာတယ်ဆိုလို့တန်ဖိုးကြီးပစ္စည်းတွေပူဆာတယ်ထင်ရင်တော့မှားသွားလိမ့်မယ်ဗျို့။

ကျွန်တော်ရှေ့မှာပြောခဲ့တယ်မလား။ချစ်သူရတာလား၊ကလေးတယောက်ရတာလားမသဲကွဲဘူးဆိုတာ။သူလေးက တချို့လူတွေလိတန်ဖိုးကြီးbrandedပစ္စည်းတွေပူဆာတာမျိုးမဟုတ်ပဲနဲ့ကလေးတွေသူချစ်တဲ့သူကိုမုန့်ဝယ်ကျွေးပါပူဆာတက်သလိုမျိုး သူလေးကကလေး အကြီးစားလေး ဆိုတော့ ပူဆာတာကသူစားချင်သောက် ချင်တဲ့ဟာ လေးတွေ။

ပါးစပ်အရသာလေးကလဲဘာခံတက်သလဲမမေးနဲ့။သူသာဘာတခုမှဖြစ်မြောက်အောင်မချက်တက်တာ။စားရင်ဘယ်ဟာလေးကဘယ်အရသာ၊ဘယ်လေးကဘယ်လို၊ညာလေးဘယ်ချမ်းသာနဲ့ရွှေချထားဖို့ကောင်းတဲ့ပါးစပ်လေးရယ်။ပုံမှန်ဆိုကျွန်တော့ကိုသူတခွန်းပြောတာနဲ့သူစားချင်တာချက်ပေးတက်ပေမဲ့တခါတလေသူပူဆာတဲ့အခါအင်တင်တင်လုပ်
ပြမိရင်အဲ့ဟာလေးကလေ၊ကျွန်တော့ချိုင်းအောက်ကိုခေါင်းလေးဝင်တိုးလာပြီတော့မျက်လုံးလေးကိုဝိုင်းနှုတ်ခမ်းလေးကိုချွန်ပြီးရင်

"ကျွန်တော့ချစ်သူကအင်ဂျင်နီယာကြီးမို့လို့သိလား၊
စားဖိုမှူးကြီးသာဖြစ်ရင်တကယ်နာမည်ကျော်စားဖိုမှူး ကြီးဖြစ်မှာ၊P လက်ရာစားပြီးရင်ဘယ်သူ့လက်ရာမှမစားချင် တော့ဘူးသိလား၊တကယ်ပြောတာရယ် P!!!! na na na..."

The Boy NextdoorWhere stories live. Discover now