Zawgyi
"မေမေ...ဘာလို့..ယောင်ဟီကို...
ပိုက်ဆံတွေပေးပြီး ကျွန်တော်နဲ့ လမ်းခွဲခိုင်းတာလဲ..."ဧည့်ခန်းမှာ အေးအေးလူလူ..တီဗွီ ထိုင်ကြည့်နေသော..မေမေ့ ဘေးနား
ရောက်တဲ့ အထိ..လျှောက်လှမ်းလိုက်တဲ့
အခါ...
ကျွန်တော်ရရှိလိုက်တာက...
အေးချမ်းသော..အပြုံးတစ်ပွင့်..။ယောက်ယက်ခတ်နေသည့် ကျွန်တော့်အခြေအနေနဲ့..ဆန့်ကျင်ဘက်ဖြစ်
နေသည့်..မေမေ့ရဲ့ အခြေအနေကို ကြည့်ပြီးအပြုံးတစ်ပွင့်နောက်မှာ..ကပ်ပါလာမည့်စကားသံ
တစ်ချို့ကိုလဲ..ကြိုတင်မှန်းဆထားပြီးသား
မို့လို့ ...
စိတ်ကို အတတ်နိုင်ဆုံး..လျှော့ချထားလိုက်ရသည်...။"အရင်ကလဲ ကျွန်တော်နဲ့တွဲသမျှ..မိန်းကလေး
တိုင်းကို...
ပိုက်ဆံပေးပြီး လမ်းခွဲခိုင်းတာနဲ့..
တစ်ခြားနည်းသုံးပြီး...လမ်းခွဲခိုင်းရတာနဲ့..
ကျွန်တော့်ကို..ရှင်းရှင်းလင်းလင်းပြောဗျာ...
မေမေ..ဘာဖြစ်ချင်တာလဲ..""မေမေ ပြောပြီးပြီပဲ..Light ရယ်..
အဲ့ဒီမိန်းကလေးတွေက..သားနဲ့..မထိုက်တန်ပါဘူးလို့..""ဟာဗျာ..! မေမေ မမိုက်ဘူးနော်..
ကျန်တဲ့ကိစ္စတွေ အကုန်လုံး...လွတ်လပ်ခွင့်
ပေးထားပြီးတော့...
ရည်းစားထားတဲ့ကိစ္စကိုမှ..လိုက်ချုပ်ချယ်
နေတာ..တစ်ကယ်မမိုက်ဘူး..
ယောင်ဟီက..ဘယ်နား..ဘာချို့ယွင်းနေလို့လဲ..
ကျွန်တော့်ကိုလဲ ...တစ်ကယ်ချစ်တယ်..
ပြီးတော့..
အေးအေးဆေးဆေးနဲ့...တည်တည်ငြိမ်ငြိမ်
ရှိတဲ့ကောင်မလေးကို..""အဲ့ဒီ ကလေးမလေးက..အေးဆေးတည်ငြိမ်
တယ်ဆိုတာကို..မေမေ သိပါတယ်..
ဒါပေမယ့်..သားလေးရယ်..
သူက..သားလေးနဲ့မှ..မထိုက်တန်ပဲ..
သားနဲ့ ထိုက်တန်တဲ့လူက..သက်သက်ရှိတာမို့..""ကျစ်..! မေမေ အဲ့တာတွေ..သိပ်ခက်တယ်.."
ဖန်တရာတေအောင်..ကြားဖူးနေကျ...
အကြောင်းအရာတစ်ခုကိုပဲ...
ထပ်ကြားလိုက်ရတော့..
လူကတော်တော်လေး..စိတ်ပျက်သွားသည်...။ကျွန်တော်...လူပျိုပေါက်အရွယ်ကတည်းက...
သားလေးရည်းစားတွေ လျှောက်မထားနဲ့နော်..
သားနဲ့ ထိုက်တန်တဲ့လူက...
သက်သက်ရှိတယ်ဆိုပြီး..
ဘယ်ကမှန်းမသိတဲ့လူကို..တမ်းတမျှော်မှန်း
နေပြီး...
ကျွန်တော့်ရဲ့ လက်တွဲဖော် ဖြစ်စေချင်နေသည့်..
မေမေ့ကို..တစ်ကယ်နားမလည်နိုင်ပါ...။
YOU ARE READING
ChanBaek Book 1 [ One Shots And Mini Stories ]
Fanfictionမြတ်နိုးမိသော ချစ်ခြင်းတစ်စုံ ❤❤