Blind Eyes 1 [ အမြည်း ]

4.8K 533 23
                                    

Zawgyi

အမှားဆိုလို့မြူမှုန်​တစ စာ​လောက်​​တောင်​မရှိခဲ့သည့်
ကျွန်​​တော့်​ဘ၀တွင်​...
အမှားတစ်​ခုကို ​ရှောင်​ရှားရင်း တစ်​ခြားအမှားတစ်​ခုကို
ကျူးလွန်​မိသွားတဲ့အခါ...။

ကျွန်​​တော်​ ကိုယ့်​ကိုကိုယ်​ပဲ အပြစ်​တင်​မိပါသည်​..။

ယောက်ျား​လေးချင်းဆိုပြီး စိတ်​ကိုမရမကထိန်း​ပေမယ့်​..
ဟို​ကောင်​​တွေရဲ့စနက်​ကို ဘယ်​လိုမှ မဖြတ်​သန်းနိုင်​​တော့
နောက်​ဆုံး သူ့ကိုပဲ ​မြေစာပင်​အဖြစ်​ အသုံးချလိုက်​သလို
ဖြစ်​သွားသည်​..။

တစ်​ကယ်​လို့ Eun Na သာ..ကျွန်​​တော့်​ကို
ကြိုးရှည်​ရှည်​နဲ့မလှန်​ထားပဲ မြန်​မြန်​ပြန်​ချစ်​ခဲ့ရင်​..

ဒါမှမဟုတ်​ အဲ့​နေ့က Eun Na သာ..
ကျွန်​​တော်​တို့ရှိ​နေတဲ့ club ကို​ရောက်​မလာခဲ့ရင်​..

ဟို​ကောင်​​တွေကလဲ ထူးထူးဆန်းဆန်း..
သူတို့သူငယ်​ချင်း​ကောင်းစားဖို့အတွက်​ဆိုပြီး
ကျွန်​​တော့်​ကို​ဆေးခတ်​ပြီး Eun Na နဲ့
အခန်းပိတ်​မလွှတ်​​ပေးခဲ့ရင်​..။

အချိန်​​တွေသာ ​နောက်​ပြန်​လှည့်​လို့ရရင်​ ​ကောင်းလှချည်​ရဲ့လို့သာ..
ရင်​ဘတ်​ထုငို​ကြွေးလိုက်​ချင်​​တော့သည်​..။

စိတ်​ထဲက​တောင့်​တမှု​တွေကို အဆုံးစွန်​အထိ
တွန်းလှန်​​နေတုန်း..
အသံထွက်​ပြီး မငြီးရုံတစ်​မယ်
လှုပ်​ရှားနာကျင်​​နေတဲ့ ကျွန်​​တော်​တစ်​​ယောက်​တည်း
ရှိ​နေတဲ့ အခန်းကိုမှ မှားဝင်​လာခဲ့တဲ့ သူ့ကံကြမ္မာ​ပေပဲလား...။

"kris hyung..
ဘာလဲဗျာ..ဒီအရွယ်​ကြီး​ရောက်​​နေပြီကို..
club လာဖို့ ညီကို ​ခေါ်ရတယ်​တဲ့လား..
ရည်းစား​လေးဘာ​လေးရှာပြီး FA ဂုဏ်​ပုဒ်​ကို
ဖယ်​ပါဦး.."

Eun Na ​ရှေ့က​နေ ရ​အောင်​​ပြေးထွက်​လာခဲ့ပြီး..
ဖြစ်​ချင်​ရာဖြစ်​ ​ဘေးချင်းကပ်​အခန်းထဲဝင်​ပြီး
ဝေဒနာကိုအံတု​နေတုန်း..

တစ်​စုံတစ်​​ယောက်​​သောသူသည်​ ကျွန်​​တော့်​​ရှေ့​မှောက်​ဆိုက်​ဆိုက်​​မြိုက်​မြိုက်​​ရောက်​ရှိလာခဲ့သည်​..။

ChanBaek Book 1 [ One Shots And Mini Stories ]Where stories live. Discover now