Please Me..

5.3K 543 19
                                    

Zawgyi

( အဆင်​​ပြေရင်
Brunomars နဲ့ Cardi B ဆိုထားတဲ့
Please me ဆိုတဲ့သီချင်း​လေးနား​ထောင်​ပြီးဖတ်​​​စေ
ချင်​ပါတယ်​.. ❤)

ကင်​ဂျွန်​​မြောင်​ ၂၈နှစ်​..
ဗြောင်​ဘတ်​ဟျွန်း ၂၇နှစ်​...
အိုဆယ်​ဟွန်း ၂၅နှစ်​...

မွေးချင်းညီအစ်​မသုံး​ယောက်​က​နေ ​မွေးဖွားကြသည့်
ဤညီအစ်​ကိုသုံး​​ယောက်​သည်​ မျိုးရိုးနာမည်​ မတူကြ​ပေမယ့်​ ညီအစ်​ကိုအရင်းလို..ချစ်​ခင်​ကြသည်​...။

ငယ်​ငယ်​တည်းက အတူစားအတူလာ..
အတူအိပ်​ခဲ့ကြသည့်​သုံး​ယောက်​သည်​ အရွယ်​​ရောက်​​တော့...မိဘ​တွေလဲ ဆုံးပါးသွားခဲ့ပြီဖြစ်​တာ​ကြောင့်
တစ်​အိမ်​ထဲစု​နေကြသည်​..။

အကြီးဆုံး ဂျွန်​​မြောင်​က အကြီးပီပီ အငယ်​နှစ်​​ယောက်​ကို
သေချာထိန်း​ကျောင်းသည်​..။
ပျော်​သင့်​တဲ့​နေရာမှာ ​ပျော်​..
မ​ပျော်​သင့်​တဲ့​နေရာမှာ မ​ပျော်​ဖို့...

လုပ်​သင့်​တာလုပ်​ဖို့..ဆုံးမလမ်းညွှန်​​ပေးသည်​..။

ခေတ်​လူငယ်​တစ်​​ယောက်​မို့လို့..ညီငယ်​​တွေကိုတင်းတင်းကျပ်​ကျပ်​ နဲ့မအုပ်​ချုပ်​ပဲသူကိုယ်​တိုင်​ကလဲ
လွတ်​လပ်​မှုကို နှစ်​သက်​တာမို့ အားလုံးကိုfreedomဖြစ်​​စေကာ..သူတို့သုံး​ယောက်​ရဲ့ ​နေ့စဉ်​ဖြတ်​သန်းမှုက
အပူအပင်​ကင်းလွန်းသည်​..။

ပိုက်​ဆံဆိုတာလဲမပူရ..
အလုပ်​အကိုင်​ ကလဲ​ကောင်း..
ဟော..ရုပ်​ရည်​ဆိုတာကလဲ ဘုရားက​ပေးတဲ့လက်​​ဆောင်​တစ်​ခုလို အားလုံးပြည့်​စုံ​နေတဲ့သူတို့ဘ၀​လေး​တွေက
အေးချမ်းလွန်းသည်​...။

အခုလဲ ​သောကြာ​နေ့ညဘက်​မှာ...
ရည်းစားနဲ့ barမှာ ချိန်း​တွေ့သည့်​အစ်​ကိုဂျွန်​​မြောင့်​​နောက်​ကို အငယ်​နှစ်​​ယောက်​လဲ လိုက်​လာကာ...

အစ်​ကိုက သူ့ရည်းစားအစ်​ကိုရီရှင်းနဲ့dateလုပ်​​နေတုန်း
နှစ်​​ယောက်​က အရက်​ပုလင်း​ရှေ့ချကာ..
အရက်​​သောက်​လိုက်​ စကား​ပြောလိုက်​နဲ့​အေး​အေးလူလူရှိ​နေကြသည်​..။

ChanBaek Book 1 [ One Shots And Mini Stories ]Where stories live. Discover now