My man is naughty (2)

1.2K 343 10
                                    

Zawgyi

"Byun Baek Hyun ကိုChan Yeol hyung နားမှာထားရင်​ သူတို့နှစ်​​ယောက်​ကြိုက်​သွားကြလိမ့်မယ်​​နော်
အဲ့တာ​တောင်​မှ hyungက သူတို့နှစ်​​ယောက်​ကို ပူးပူးကပ်​ကပ်​ထားဖို့လုပ်​​နေတာကိုစိတ်​ကူးမ​ပြောင်း​တော့ဘူးလား...?"

"​အော်​..Se Hun ကလဲ...အခုBaek Hyun ကိုသွား​ခေါ်​နေတာ လမ်းခုလတ်​​တောင်​​ရောက်​​နေပြီ...အခုမှထ​မေး​နေတယ်​.."

"ChanYeol hyungမှာ ရည်းစားရှိသွားရင်​ fan​တွေ မကြိုက်​​တော့မှာစိုးရိမ်​လို့ပါ..ကျွန်​​တော်​က.."

"သူ့ကိုတစ်​ကယ်​ချစ်​တဲ့ပရိသတ်​ဆိုရင်​..သူမိန်းမယူရင်​​တောင်​ ပစ်​ထားမှာ မဟုတ်​ပါဘူး..SeHun ရာ.."

မ​နေ့ကByun Baek Hyun အိမ်​ကိုကိုယ်​တိုင်​ကိုယ်​ကျသွား​ရောက်​ပြီးညှိနှိုင်းသည့်​ကိစ္စကအထ​မြောက်​သွားခဲ့ပြီမို့
အချိန်​ထပ်​ဆွဲမ​နေ​တော့ပဲ....
ဒီ​နေ့ချက်​ချင်းပင်​Baek Hyun ကိုအလုပ်​၀င်​​စေဖို့ရာ
သွား​ခေါ်​နေကြခြင်းဖြစ်​သည်​..။

လော​လောဆယ်​ ChanYeolမှာလဲ manager ရှိမ​နေဘူးဆို​တော့ကာ အလုပ်​မြန်​မြန်​၀င်​ခိုင်းလိုက်​တာ ပို​ကောင်းသည်​​လေ.။

အဲ့တာကို Se Hun က လမ်းခုလတ်​​ရောက်​မှ BaekHyun ကိုအလုပ်​​ခေါ်မှာကို​သေချာပြန်​မစဉ်းစား​တော့ဘူးလား​မေးလာ​တော့ Jun Myeon ရယ်​မိသည်​..။

ကိုယ့်​မင်းသားမင်းသမီး dating သတင်းထွက်​မှာကိုCEO တို့မည်​သည်​ ​ကြောက်​ရိုးထုံးစံရှိကြ​ပေမယ့်​လို့..
ChanYeolကိစ္စကို​တော့Jun Myeon မ​ကြောက်​..။

ကောင်​​လေးနှစ်​​ယောက်​လုံးရဲ့စိတ်​ကို​ရော..
ပြီး​တော့ChanYeolရဲ့ဘ၀အ​ခြေအ​နေအဖုံဖုံကိုပါသိထားရတဲ့လူတစ်​​ယောက်​အ​နေနဲ့...
အ​ကြောင်းမတိုက်​ဆိုင်​လို့​ဝေးကွာ​နေရသည့်​သူတို့နှလုံးသားနှစ်​စုံကို ​ပေါင်းစည်း​စေချင်​သည်​...။

အနုပညာရှင်​​တွေလက်​ထပ်​လိုက်​ရင်​ fan ​တွေ​လျော့ကုန်​ကြတာ ဒီ​လောကရဲ့ထုံးစံဆို​ပေမယ့်​လို့ဒီ​ခေတ်​မှာ..
ကောင်​​လေးနှစ်​​ယောက်​ကြိုက်​ကြတာကို သ​ဘောကျတဲ့လူ​တွေများလာတာ​ကြောင့်​ဒါကကိုယ်​​တွေJMအတွက်​ ဘာမှ ထိခိုက်​စရာအ​ကြောင်းမရှိဘူးလို့စဉ်းစားမိသည်​နဲ့အတူ...Baek Hyun ကို ​ရွေးချယ်​ဖြစ်​ခဲ့ခြင်းဖြစ်​သည်​။

ChanBaek Book 1 [ One Shots And Mini Stories ]Where stories live. Discover now