Blind Eyes 2..

3.5K 486 5
                                    

Zawgyi

"အာ...ဒီအိမ်​ကအလုပ်​​ခေါ်တာထပ်​​ရောက်​လာပြန်​ပြီပဲ..!"

တစ်​ပတ်​မှာတစ်​ခါ Sunday အလုပ်​ပိတ်​ရက်​တိုင်း..
အ​ရောက်​လာမိသည့်​ ငယ်​သူငယ်​ချင်း Lee Wooရဲ့
ရုံးခန်းအတွင်း..

သူ့အလုပ်​စာရွက်​စာတန်း​တွေအကြား​ခေါင်းနစ်​​နေရင်း
အသံခပ်​ကျယ်​ကျယ်​နဲ့ငြီးငြူလိုက်​သံက..
ခါတိုင်းလို သာမန်​ကာလျှံကာပဲ..
သူ့အလုပ်​စားပွဲနဲ့မနီးမ​ဝေးမှာ ဖုန်းထိုင်​သုံး​နေတဲ့
ကျွန်​​တော့်​နားထဲ ​ရောက်​လာသည်​..။

ဒီ​ကောင်​က အလုပ်​အကိုင်​​အေဂျင်​စီ ဖွင့်​ထားတာဆို​တော့
သေး​သေးကြီးကြီး အလုပ်​လို့​ခေါင်းစဉ်​တပ်​လို့ရသမျှကိစ္စ​တွေ
သူ့ဆီအကုန်​​ရောက်​လာ​နေကြ...။

အခုလဲ ကျွန်​​တော်​သာ Sunday ပိတ်​ရက်​နားရ​ပေမယ့်
ကိုယ်​ပိုင်​လုပ်​ငန်း​ထောင်​ထားတဲ့သူက​တော့..
Sunday ​တောင်​မနား..။
အလုပ်​လို​နေသူနဲ့ အလုပ်လုပ်ဖို့လူ
ရှာ​ဖွေ​နေသူ​တွေအကြား
သဟာဇာတဖြစ်​ဖို့ရန်​အတွက်​ ကြိုးပမ်း​ပေး​နေရှာသည်​..။

မူလတန်း​ကျောင်းကတည်းက ​သူငယ်​ချင်းလဲဖြစ်​..
အချစ်​ဆုံးသူငယ်​ချင်းလဲဖြစ်​​နေ​တော့..
အလုပ်​ပိတ်​ရက်​တိုင်း တစ်​ခြား​နေရာသွား​နေမှာထက်​စာရင်
ဒီ​ကောင့်​ရုံးခန်းမှာပဲ​အောင်းပြီး
စားလိုက်​​သောက်​လိုက်​ဂိမ်း​ဆော့လိုက်
စကားများလိုက်​လုပ်​တာက ကျွန်​​တော့်​အတွက်
အဆင်​​ပြေဆုံးဖြစ်​သလို အကျင့်​တစ်​ခုလိုဖြစ်​​နေ
တာဆို​တော့ Sunday တိုင်း
ဒီ​နေရာ ဒီ​ဒေသက ကျွန်​​တော်​ကျင်​လည်​ကျက်​စားရာ
ကြီးတစ်​ခုလိုဖြစ်​​နေ​လေသည်​..။

ဒီ​နေ့လဲ ထုံးစံအတိုင်း ရာသီဥတု သာယာတဲ့​နေ့​လေး
တစ်​​နေ့မှာ ပီဇာ​လေးတစ်​စိတ်​စား
ဖုန်း​လေးသုံးရင်းနဲ့
ကျွန်​​တော့်​​နေ့လည်​ခင်း​လေး သာယာလို့​နေတယ်​..။

"လူက​ချောလဲ​ချော..
သူ​ဌေးသားလဲဖြစ်​..
ဘာဖြစ်​လို့များ မျက်​လုံးကန်းသွားရတာလဲမသိဘူး..
ကံမ​ကောင်းလိုက်​တာများ.."

ChanBaek Book 1 [ One Shots And Mini Stories ]Donde viven las historias. Descúbrelo ahora