My man is naughty (4)

1.5K 337 14
                                    

Zawgyi

ဒီ​နေ့ကChan Yeol ဆီမှာ အလုပ်​၀င်​ပြီးတစ်​လတိတိပြည့်​သည့်​​နေ့...။

ဒီအ​တောအတွင်းရိုက်​ကွင်းရှိတဲ့​နေရာ​တွေကိုသူနဲ့အတူတူလိုက်​​ပေးတာတို့..
Stylist အစ်​မကြီးအလုပ်​မဆင်းသည့်​​နေ့​တွေဆို အ၀တ်​အစား​တွေကူဝတ်​​ပေး တာတို့..
နောက်​အလုပ်​တစ်​ခုက​တော့ မာနခဲ မင်းသားကြီးရဲ့တစ်​ချက်​လွှတ်​အမိန့်​အရ နှစ်​ရက်​တစ်​ခါ သူစားဖို့ထမင်းဟင်း
ချက်​​ပေး တာတို့ စသဖြင့်​သူ့နားမှာ manager လုပ်​ရတာ ​တော်​​တော်​​လေးအသားကျလာပြီဖြစ်​သည်​..။

ပြီး​တော့အ​ရေးကြီးဆုံးတစ်​ခုအ​နေနဲ့က​တော့...သူ့​ဘေးနားကို ၁၁ နှစ်​ကြာပြီးမှ ရုတ်​တရက်​​ရောက်​ချလာသည့်​ကျွန်​​တော့်​ကိုနှင်​ထူတ်​ခြင်းလဲ မပြု..
ကျွန်​​တော်​သူ့ကိုငြင်းလွှတ်​ခဲ့သည့်​ကိစ္စကိုလဲ ​မေ့ပစ်​ခဲ့တာကြာပါပြီဆိုကာ​ပြောကြားခဲ့သည့်​သူ့ရဲ့​မေတ္တာတရား​တွေကြီးမားမှု​ကြောင့်
ဒီတစ်​လအတွင်းမှာ သူနဲ့ကျွန်​​တော်​နဲ့အ​ခြေအ​နေက
ကျောင်းတုန်းကထက်​​တောင်​ထူးခြား​ကောင်းမွန်​​နေပြီဆိုရင်​..။

ရှင်းရှင်းလင်းလင်း​ပြောရရင်​​တော့အခုသူနဲ့ကျွန်​​တော့်​ရဲ့ဇာတ်​​ကြောင်းက​လေးက ချစ်​စကားကြိုက်စကား​လေးတစ်​ခွန်းသာ ​ပြောဖို့လိုပြီး အရာအားလုံးကချစ်​သူရည်းစား​တွေလိုဖြစ်​​နေခဲ့ပြီးပြီလို့​ပြောရမယ်​ထင်​ရဲ့....။

တစ်​​နေ့လုံးသူ့အနားမှာ​အလုပ်​လုပ်​​ပေးပြီးလို့ အိမ်​ပြန်​အနားယူချိန်​​တွေမှာ​တောင်​...ဘာလုပ်​​နေလဲ ဘာညာ..
ညဘက်​​တွေ​ရေမချိုးနဲ့ဖျားမယ်​ ဘာညာ...နဲ့ ဖုန်း​တွေလှမ်းဆက်​ပြီး
မာနမင်းသားကြီးကကျွန်​​တော့်​ကိုဂရုတစိုက်​ရှိလွန်းသလို..

CEO nim တို့ဆီက လဲ Baek Hyun နဲ့​​ကျမှ ChanYeol ရဲ့manager ​နေရာက ​တော်​​တော်​​လေးခိုင်​မြဲ​နေပြီဆိုတဲ့စကားကလဲ ဒီတစ်​လအတွင်းထဲမှာတစ်​ခါမက ကြားပြီးပြီဆို​တော့...
ကျွန်​​တော့်​​မျှော်​လင့်​ချက်​​တွေအရင်​ကထက်​အ​ရောင်​ပို​တောက်​ခဲ့ပြီဖြစ်​သလို...
ကျွန်​​တော့်​အပြုံး​တွေလဲ လှပလို့​နေခဲ့ပြီဖြစ်​သည်​..။

ChanBaek Book 1 [ One Shots And Mini Stories ]Where stories live. Discover now