My man is naughty (5)

1.7K 305 7
                                    

Zawgyi

နားထဲမှာ ငှက်​က​လေး​တွေမြည်​သံကျလိကျလိကိုသာယာဖွယ်​ကြား​နေရပြီး ညင်​ညင်​သာသာ​လေးနိုးထလာရသည့်​ မနက်​ခင်းက​လေး..။

မျက်​လုံးကိုဖြည်းဖြည်းချင်းပဲ ဖွင့်​ကြည့်​လိုက်​​တော့
မျှော်​လင့်​ထားသည့်​အတိုင်း ​ဘေးနားမှာ လှဲ​လျောင်းရက်
သားအ​နေအထားနဲ့သခင်​​လေးကို​တွေ့ရသည်​...။

ညက ကြပ်​ကြပ်​တည်းတည်းနဲ့ရွက်​ဖျင်​တဲထဲမှာ အိပ်​ထားရလို့ခန္ဓာကိုယ်​တစ်​ခုလုံးနာကျင်​​နေတယ်​ဆို​ပေမယ့်​...
မျက်​လုံးနှစ်​လုံးဖွင့်​ဖွင့်​ချင်းမှာ သူ့ကိုမြင်​လိုက်​ရတာ​ကြောင့်
စိတ်​ထဲမှာ ​ပျော်​ရွှင်​ခြင်း​တွေတမုဟုတ်​ချင်း လွှမ်းခြုံသွားသည်​..။

ညတုန်းကလိုမျိုး ကျွန်​​တော်​ကသူ့ရင်​ခွင်​ထဲ ​ရောက်​​နေသည့်​အ​နေအထားမှာ မဟုတ်​​တော့​ပေမယ့်​လို့...
ကျွန်​​တော့်​ထက်​အရင်​နိုး​နေပြီဖြစ်​သည့်​သူကဖုန်းသုံး​နေရင်းအ​နေအထားနဲ့ပင်​..ကျွန်​​တော့်​ဆီမျက်​လုံး​ဝေ့ကြည့်​မလာပဲမနက်​ခင်းနှုတ်​ဆက်​စကားဆိုလာခဲ့သည့်​ဟန်​ပန်​က
ကျွန်​​တော့်​အတွက်​ ပြီးပြည့်​စုံ​နေပြန်​သည်​..။

"နိုးပြီ​ပေါ့..."

"အင်း.."

"ဘယ်​သွားချင်​​သေးလဲ..?
Seoul ပြန်​ပြီး မင်းကြိုက်​တဲ့ဟိုcoffeeဆိုင်​​လေးသွားကြမလား.? ဒါမှမဟုတ်​...
ငါ့အိမ်​မှာပဲတစ်​ခုခုချက်​စားကြမလား..? ဒါမှမဟုတ်​​သေးရင်​..ဒီမှာပဲ တစ်​ခုခု လုပ်​ပြီးစားကြမလား...?"

"ဘာလဲ..? ဒါက​ရော မင်းရိုက်​မယ့်​ဒရမ်​မာထဲမှာပါမယ့်​ဇာတ်​ကွက်​ပဲလား...?"

"ဟားဟား..! အဲ့လို​တော့လဲ မဟုတ်​​ပေမယ့်​....
ဒီ​နေ့ နည်းနည်း​လေးအနားယူချင်​​နေလို့..."

"ဘာကိုအနားယူမှာတုန်း..ည​နေကျရင်​ ရိုက်​ကွင်းရှိ​သေးတာကို.."

"အင်း​လေ..ရိုက်​ကွင်းမတိုင်​ခင်​နားလို့ရတာပဲကို..
ကဲ..​ပြောစမ်းပါ..ဘာလုပ်​မှာလဲ..?"

"မင်းသ​ဘော​လေ..."

"အဲ့တာဆို..အိမ်​ပြန်​ကြမယ်​...
ငါထမင်းချက်​​ကျွေးမယ်​.."

ChanBaek Book 1 [ One Shots And Mini Stories ]Where stories live. Discover now