Blind Eyes 4..

3.3K 517 13
                                    

Zawgyi

"ကြည့်​ရတာ..သူအားလုံးမှတ်​မိတယ်​ထင်​တယ်​..
hyung ​ရေ..
hyungကိုမ​ကျေနပ်​လို့ တစ်​ခုခုလုပ်​ချင်​လို့များ
ကပ်​လာတာလားမသိဘူး.."

မသွားချင်​ဘူး ​ပြော​ပေမယ့်​ အ​ခြေအ​နေတစ်​ခုခုကို
သေချာ သဲသဲကွဲကွဲ ဖြစ်​သွား​အောင်
သွားကြည့်​ရ​အောင်​လို့အတင်းဆွဲ​ခေါ်သည့်
Se Hun ​နောက်​ လိုက်​ပါခဲ့ချိန်​တွင်​..

သေချာတိကျ​နေ​သော အ​ခြေအ​နေတစ်​ခုက..
လုံးဝကြီး​သေချာတိကျသွားတဲ့အခါ..
အသက်​ရှူဖို့​တောင်​အားအင်​ မရှိ​တော့သလို..။

Se Hun ​သေချာတွဲပို့​ပေးမှသာ..
ခုံ​ပေါ် ​သေချာ​လေးထိုင်​​နိုင်သည့်​ အ​ခြေအ​နေ..။

ရင်​ထဲမွန်းကျပ်​လွန်းသည်​..။

ကိုယ်​မှားခဲ့တာ သိ​ပေမယ့်​...။

ကျစ်​..သူဘယ်​​လောက်​​တောင်​ နာကျည်း​နေရှာမလဲ..။

လွန်​ခဲ့တဲ့နာရီပိုင်း​လောက်​က မူးလဲလို့​ဆေးရုံ​ပေါ်​ရောက်​​နေသည့်
ဆိုသည့်​သူ့အ​မေသည်​..
ကျွန်​​တော်​နဲ့SeHun သူ့အိမ်​လိုက်​သွားကြည့်​​တော့..
ဧည့်​ခန်းမှာအ​ကောင်းအတိုင်းထိုင်​​နေတာကို..
တွေ့လိုက်​ရသည်​..။

ပြီး​တော့သူတို့အိမ်​အ​ခြေအ​နေက
ကျွန်​​တော့်​ဆီမှာ ပြုစု​စောင့်​​ရှောက်​​ပေးသည့်​လူလာလုပ်​ရတဲ့အထိ နိမ့်​ကျခြင်းမရှိတာကိုလဲ ​တွေ့ခဲ့ရသည်​..။

သေချာတာက​တော့..
သူနဲ့ကျွန်​​တော့်​ကြားက လူသိခံလို့မရတဲ့ကိစ္စတစ်​ခုရဲ့
အဆုံးသတ်​မှာ
သူ့စိတ်​ထဲ ​တော်​​တော်​​လေး နာကျည်းသွားလို့ပဲဖြစ်​မည်​..။

အင်း​လေ..နာကျည်းမယ်​ဆိုလဲ နာကျည်းထိုက်​ပါတယ်​​လေ..။

ကျွန်​​တော်​ကိုက လူယုတ်​မာဆန်​ခဲ့တာကိုး...။

"hyung..သတိထား​နေ​နော်​..
တစ်​ခုခုဆို..ကျွန်​​တော့်​ကို​ခေါ်လိုက်​..ချက်​ချင်း​ပြေးလာခဲ့
မယ်​.."

"​အေးပါ.."

"ဒါမှမဟုတ်​..သူ့ကိုအလုပ်​ထုတ်​လိုက်​ပါလား..?"

ChanBaek Book 1 [ One Shots And Mini Stories ]Where stories live. Discover now