Part-2

7.5K 553 7
                                    

ညအိပ်ဝတ်စုံဝမ်းဆက်လေးဖြင့် Gun သည်အိပ်မှုန်စုန်မွှားဖြင့် တ၀ါးဝါး သမ်းရင်း မီးဖိုခန်းထဲ ၀င်ရောက်လာသည်။

“သခင်လေး.. နိုးပြီလား .။မျက်နှာရောသစ်ပြီးရဲ့လား.”

ပေါင်မုန့်ယိုသုတ်ရင်းမေးသည့် Singto ၏ အမေးကို Gun က ချစ်စဖွယ်ကောင်းအောင် ရယ်ပြရင်းက ထိုင်ခုံမှာ ၀င်ထိုင်သည်။

“သစ်ပြီးပါပြီ P’Sing ရဲ့.။ မနေ့ညက ပန်းချီဆွဲတာ ဈာန်ဝင်သွားလို့ပါ။ပြီးတော့ သင်တန်းကပြန်လာတာလည်းနောက်ကျတယ်လေ.။ P’ လည်းသိသားနဲ့ ဟီး~~”~

Sing အသင့်သုတ်ပေးထားသည့် ပေါင်မုန့်ကို လှမ်းယူလိုက်ရင်းပလုံး ပထွေးဖြင့် ပြောသည့်ကောင်လေး၏ခေါင်းကို အသာဆွဲဖွလိုက်သည်။

“ထုံးစံအတိုင်း ငါ့ညီကတော့ မင်းကိုချွဲနေပြန်ပြီ ထင်တယ် Sing ရေ.။ဆောရီးကွာ.ငါလည်း အိပ်ရာထနောက်ကျသွားတယ်.မနေ့က ဘောလုံးပွဲကောင်းနေတာနဲ့.”

Oak သည်လည်း မျက်နှာချိုသွေးကာ စားပွဲဝိုင်းတွင် နေရာယူလာပြန် သည်။

“Gun က ကိစ္စမရှိပေမယ့်မင်းတော့ မရဘူး ဟေ့ကောင်.။ကိုယ့်ဘာသာလုပ်စား.!!”

“အေးပါကွာ ကပ်စီးကုတ်တာ..တကတည်းမှပဲ.”

လက်လှမ်းရန်ပြင်နေသည့် Oak လက်ကိုဖြတ်ရိုက်လိုက်တော့ ခပ်မဲ့မဲ့ ဖြင့် ပေါင်မုန့်မီးကင်စက်နား သူ့ဘာသာသွား လုပ်နေရတော့သည်။

“အသိရှိစမ်းပါ P’Oak ရာ.။ကျွန်တော်က Gun လေ..။ အားလုံးရဲ့ အသည်းနှလုံးလေး.”

“ကောက်ထုထည့်လိုက်ရ.အပိုတွေပြောပြန်ပြီ.။ Sing မို့ မင်းးကိုအလိုလိုက်နေတာ.။”

ကောက်ထုလိုက်ရသာပြောနေ..Oak ၏လက်က ပေါင်မုန့်လုံးတစ်ခုဖြင့် လှမ်းပေါက်ပြီးသားဖြစ်သည်.။Gun ၏ မျက်နှာကိုတည့်တည့်ထိလေ တော့ Gun စူပုတ်ပုတ်ဖြင့် ထအော်တော့သည်.။ချက်ချင်းနေရာမှထကာ Oak ဆီပြေးဝင်လေတော့ လက်သံပြောင်သော Gun ကြောင့် Oak နေရာမှ ထပြေးသည်.။
အော်ဟစ်ဆူညံသံတို့ဖြင့် Singto တို့၏ တိုက်ငယ်လေးသည် မနက်တိုင်း အသက်ဝင်နေခဲ့ပါသည်။
-
-
-
-
လက်ဆွဲအိတ်ငယ်လေးကို မွှေနှောက်ရှာဖွေရင်း Arthit တစ်ယောက် ဗျာများရပါပြီ.။သင်တန်း ID ကဒ်က မတွေ့တော့.။

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now