Part-10

4.1K 437 43
                                    

သင်တန်းရှေ့ရောက်ခါမှ Arthit ကိုဖုန်းဆက်တော့မကိုင်.။လာကြိုပေးမည်ပြောထားလျက်နှင့် လူကမတွေ့တော့.။Off တစ်ယောက် လေပူမှုတ်ထုတ်ကာ တစ်ဆက်တည်းလိုလို Arthit အတွက်လည်းစိုးရိမ်နေမိသွားသည်.။ရတနာပျောက်ဆုံးမှု က မနေ့ကမှ ဖြစ်ထားသလို ယနေ့မနက်တွင်လည်း Krist ၏ ရုံးခန်းသို့ ခြိမ်းခြောက်စာ လည်းရောက်လာခဲ့သည်.။

#နေသင့်သလောက်တော့ ပျော်အောင်နေပါ Krist. တန်ဖိုးထားရတဲ့ရတနာကိုလုယူပြီးပြီမို့ နောက်လုယူမှာ မင်းအသက်ပဲ#

မည်သူမည်ဝါမှန်းတော့ မသိရ.။စာရွက်ခေါက်လေး၏ထိပ်တွင် သေချာကြည့်ပါက ကြယ်ပုံစံတံဆိပ်သေးသေးလေးရှိနေသည်.။ Krist က ကိုယ်တိုင်တော့ မကြောက်ပေမယ့် Arthit အတွက်တော့ စိတ်ပူလှသည်မို့ အလုပ်လည်းမအားနိုင်သည့်အချိန် Off ကိုအကြိုလွှတ်ရခြင်း.။ လာကြိုမည်ပြောတော့ လက်မခံချင်သလို Arthit ၏ မျက်နှာပေးလေးကိုလည်းတစ်ချက်ပြန်မြင်တော့ Off ပိုပြီးစိတ်ရှုပ်သွားသည်.။

"P'Off..မလား ??"

အသံပိုင်ရှင်လေးသည် လတ်တလော စိတ်ပင်ပန်းမှုကိုတော့ဖြင့် လန်းဆန်းသွားနိုင်စွမ်းအမှန်ရှိသည်.။

"Gun ~~"

မတရားဘူးပဲဆိုဆို မနေ့က Krist ကိစ္စနှင့် လူအားလုံးအာရုံစိုက်နေကြချိန် Gun ကိုအသားယူပွေ့ဖက်ထားပါသော Off သည် Gun ၏ နှုတ်မှ တဖွဖွရွတ်လျက်ရှိသော P'Arthit ဆိုတာကိုအကြောင်းပြုလျက် ရင်းနှီးမှုရအောင်ယူနိုင်ခဲ့သည်.။

"P'Arthit ကိုလာကြိုတာလား.။"

"အင်း..ဖုန်းဆက်တော့လည်းမကိုင်တော့.။ဒါနဲ့ မင်းတောင်အတန်းပြီးပြီဆိုတော့ Arthit ထွက်လာရတော့မယ်လား."

Gun သည်မဖြေဘဲ ပြုံးစိစိလုပ်နေသည်.။ချစ်စဖွယ်ပုံစံကို Off ငေးခနဲဖြစ်သွားရသေးသည်.။

"P'Arthit က ခဏလေးလာပြီး အိမ်စာပဲပေးသွားတာ.။P'Sing နဲ့ထွက်သွားတယ်.အဟိ..။ ဒါနဲ့နော် P'Off.. ။ P' Arthit ကိုမကြိုက်ရဘူးနော်.။ ကျွန်တော်တောင် အစက ကျွန်တော့်အကိုနဲ့သဘောတူချင်တာ P'Sing နဲ့ကြိုက်သွားလို့သာ.။ကိစ္စတော့မရှိပါဘူးလေ.။P'Sing လည်း ကျွန်တော့်အကိုပဲကိုး."

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now