Part-15

3.6K 373 6
                                    


ကားလက်ကိုင်ကို ခပ်တင်းတင်းဆုပ်ကာ Laven အံကြိတ်မိသည်.။ သူမ မြင်နေရသည့်ခုံတန်းရှည်တွင် Arthit သည် တစ်ခါက အတူတွေ့ဖူးခဲ့သည့် Singto ဆိုသည့်သူ၏ ရင်ခွင်ထဲတွင် ပြုံးပျော်နေသည်.။အမှန်ဆို တစ်ခါတွေ့ဖူးရုံနှင့်သူမ မမှတ်ထားတတ်.။ Arthit နှင့်ပတ်သက်နေ၍ သာ Singto ဆိုသူကိုသတိထားမိခြင်းပင်ဖြစ်သည်.။အမြဲတမ်းရှုပ်ပွေသည့်သတင်း တွေကြားတတ်ရခြင်းမရှိဘဲ အေးဆေးနေတတ်သူမို့ Arthit ကိုသူမ စိတ်ချထားခဲ့မိသည်မှာ တပါးသူလက်ထဲ ထည့်ပေးလိုက်ရန် မဟုတ်.။

“မောင်းတော့ Laven.”

အတွေးလွန်နေသည်မှာ ဖခင်ဖြစ်သူ Mr.Jor ဘေးတွင်ဝင်ထိုင်လာသည်ကိုတောင်သတိမထားမိ.။ Mr.Jor က Laven ၏အကြည့်တို့လားရာကိုကြည့်မိမှ ခပ်ဆဆပြုံးသည်.။

“ငါ့သမီးတို့ နောက်ကောက်ကျပြီထင်တယ်.။Arthit က ကောင်လေးနဲ့ပါလား”

“အေးဆေးပါ Por ။ Laven ပဲပိုင်အောင်လုပ်မှာ.”

ကားလေးကိုကျင်လည်စွာမောင်းထွက်လိုက်ရင်း သူမ က ပြောလာသည်.။Laven စိတ်ထဲ တွေးထင်ထားသည်က ဖြူစင်သော Arthit လိုကောင်လေးသည် ခပ်ထက်ထက်ပုံစံဖြင့် Singto ၏ လက်ထဲတွင်ကျဆုံးသွာားသည်သာ.။

“တလောက ပတ္တမြားဘယက်ပျောက်သွားတဲ့ကိစ္စကို အနက်ရောင်ကျားသစ်ကိုယ်တိုင် လိုက်နေတယ်လို့ သတင်းရထားတယ်.”

“အဟင်း-- Por က အနက်ရောင်ကျားသစ်ကိုသိတာကျနေတာပဲ.။ခုထိသံသယရှိစရာအကောင်းဆုံးက Offပဲဥစ္စာ.။ ”

Off ဆိုမှ  သူမ ကားနှင့်ပွတ်ကျီစယ်ခဲ့သည့်အဖြစ်ကို ပြန်တွေးမိသည်.။နောက်ရက် ကုမ္ပဏီတွင် တွေ့ကြတော့ ဒင်း က ပြင်းပြင်းထန်ထန်သတိပေးသွားခဲ့သည်.။သို့ပေမယ့် သူ့စကားတွေထဲမှာ သူ့အတွက်ထက် သူ့ဘေးက ကောင်ဖြူလေးတစ်ယောက်အတွက်ပိုနေသည်ဆိုတာ Laven ကတော့ရိပ်မိခဲ့သည်.။

“Black Group ထဲက လူတွေ ယောကျာ်းလေးပဲကြိုက်တတ်တာလား မသိပါဘူး။ Arthit ရော.ဟို Off ဆိုတဲ့လူရော.။အင်း  နောက်တစ်ယောက်ကတော့ မိန်းကလေးတွေနဲ့နာမည်ထွက်နေတာပဲ.။ စီမံဌာနမှုးရဲ့သမီး May နဲ့ယူမလိုလိုနဲ့.”

Laven က တရစပ်ပြောကာ ခေါင်းငဲ့ကြည့်လိုက်ပေမယ့် Mr.Jor ကတော့ ဖုန်း Screenကိုကြည့်ကာ ပြုံးပြုံးကြီးလုပ်နေသည်.။ထုံးစံအတိုင်း သူ့မဒီလေးတွေနဲ့ အီနေတာနေမှာပေါ့.။
Laven ကတော့တခြားယောကျာ်းတွေ ကို ခေါင်းထဲမရှိလောက်အောင်ငယ်ကတည်းက Arthit တစ်ယောက်တည်းကိုသာ တွယ်တာခဲ့သည်မို့ အချစ်ကိုပိုင်နိုင်အောင်လည်းကြိုးစားရမည်.။တိုက်ခိုက်မှုတွေပြည့်နှက်နေသည့် Black Group ထဲတွင် ပိုင်ဆိုင်မှုများများရပြီး အာဏာတည်နိုင်အောင်လည်းကြိုးစားရန်သာ စိတ်ထဲရှိသည်.။
သို့ပေမယ့်ခု Black Group တစ်ခုလုံး၏ လက်ရှိ ဥက္ကဌက Krist နှင့် Arthit တို့၏ ဦးလေး Mr.Chae.
ခပ်အေးအေး နေတတ်သူမို့သူ့ကိုတော့ဖြင့် Laven စိတ်မပူပါလေ.။
-
-
-
-
သူ့ကိုပြူးကြောင်ကြောင်လေးကြည့်ရင်းကနေ အားရပါးရပြုံးရယ်ပြနေသော ကောင်လေးကို ကြည့်ကာ Off ရင်ထဲတွင် နင့်ခနဲ။

ချစ်​ခြင်းကို​စေ.......💓Hikayelerin yaşadığı yer. Şimdi keşfedin