Part-31

7.1K 543 55
                                    

အရေးပေါ်ခွဲစိတ်ခန်းရှေ့တွင် ရောက်နေရသည့်အဖြစ်သည် ဒီနှစ်ပိုင်းအတွင်းဘယ်နှစ်ကြိမ်တောင်ရှိနေပြီလဲမမှတ်ချင်တော့.။ အချိန်အားလုံးထက်ပိုပြီး ဒီတစ်ခေါက်က မလှုပ်ချင်လောက်အောင်နာကျင်ခံစားနေရမှုကိုပေးသည်။

“တော်သေးလို့ကိုယ်ရံတော်  Linn က Mr.Chae စီစဉ်ခိုင်းတဲ့ ဗုံးထက် ထိခိုက်မှုနည်းတာကိုရွေးခဲ့လို့.။ မဟုတ်ရင် Krist ကို ပြန်ရတော့မှာ မဟုတ်ဘူး.”

ကျောထိခိုက်မှုကြောင့်ပတ်တီးစည်းကုသမှုခံယူကာသတိရလာပြီဖြစ်သော Off သည်ပင် ရောက်လာနေပြီ.။ ခွဲစိတ်ခန်းဝင်တာ ကြာနေသော krist ထံမှ မည်သည့်သတင်းမှမကြားရသေး။Gun ကတော့ဆေးရုံမှာပင်ဆေးသွင်းကာ အိပ်မောကျနေပြီဖြစ်သည်။ Krist သည်အမှန်တကယ်ပင်သူပြောခဲ့သည့်အတိုင်း Gun ကိုရအောင်ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့်ပိုရင်နာရသည်။

“အမှန်အတိုင်းပြောရရင် တစ်ခါတစ်လေ အက်ဆီးဒင့်တုန်းက သေသွားခဲ့တာ Krist ဖြစ်ပါစေလို့ငါ ဆုတောင်းချင်လာတယ်။သူ သေသွားခဲ့ရင် ဘာမှခံစားရမှာမဟုတ်ဘူးလေ.။ ဟိုတစ်ခေါက်က ခွဲစိတ်ခန်းရှေ့မှာသူ့ကိုသေစေချင်ခဲ့တာ မင်းဖြစ်ပေမယ့် ဒီတစ်ခေါက်တော့ ငါဖြစ်မယ်ထင်တယ်.။သူ့ကို အသက်ရှင်ပြီး မခံစားစေချင်တော့ဘူး. ”

ဆုမတောင်းကောင်းသည့်အရာရယ်လို့တော့ မပြောချင်။ Off မျက်နှာတွင်လည်း ထိခိုက်နာကျင်ခံစားမှုတွေက အထင်းသား.။

“သူငယ်ငယ်ကတည်းက ဘယ်လိုရှင်သန်လာရလဲသိလား။ မိနစ်ပိုင်းလေးပဲကွာပေမယ့် အကြီးဆိုတဲ့ ပညတ်ချက်နဲ့ အားလုံးသူပဲရှေ့တန်းတင်လုပ်ဆောင်ရတယ်။ ငယ်ကတည်းက ကျန်းမာရေးသိပ်မကောင်းတဲ့ Arthit ကိုသူအမြဲငဲ့ညှာခဲ့တယ်။ Arthit စိတ်အေးချမ်းသာစွာ ပညာသင်ယူရတဲ့အချိန် Krist က ပြည်ပတွေထိပြေးလွှားပြီး အသက်ဘေးနီးတာတွေလည်းဖြစ်ခဲ့ဖူးတယ်။ ဘွဲ့တစ်ခုတော့ယူချင်တဲ့ သူ့ဆန္ဒကြောင့် ပင်ပန်းနေတဲ့ကြားက စာလည်းရအောင်ကျက်ခဲ့သေးတာ.။သောကပွေရတာမှန်သမျှ Arthit ကိုဘယ်တုန်းကမှ ပေးမသိခဲ့ဘူး.။ Arthit ဆုံးသွားတော့ သူ တစ်ချိန်လုံးသေချင်ခဲ့တာ မင်းမှမသိဘဲ။ လုပ်၇မယ့် ၀တ္တရားတွေရှိသေးတယ်.မင်းအမြင် မုန်းစရာကောင်းတဲ့သူက အားလုံးအတွက်တွေးပေးတတ်တာတွေ မင်းမှမသိဘဲ။ မင်း ချစ်တာ သူ မဟုတ်မှန်းသိသိနဲ့ အရာအားလုံး ပေးဆပ်ခဲ့တာ မင်းသိမှာပါ။ အဟက်---အဲ့အရူးကောင်က..မင်း သံသယ၀င်မှာစိုးလို့ သွေးကျဆေးတွေလည်း သောက်ခဲ့ဖူးတယ်.မြို့ပြင်မှာ မင်းကိုကာကွယ်လို့လည်း ဓားထိုးမိဖူးတယ်။”

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now