Part-20

4K 383 3
                                    

“အဲ့ဒါယူချင်တာပါဆို  ဟင့်~~ သား အဲ့ဒါမကြိုက်ဘူး လို့ဆို---”

မဟုရာစံအိမ်သည် မနက်စောစောစီးစီး အော်ဟစ်ငိုယိုသံဖြင့် အသက်ဝင်နေသည်။ ထမင်းစားခန်းတွင် ကောင်မလေးများ လည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြရသည်။
လှေကားပေါ်က ဆင်းလာကာစ Singto သည် လျင်မြန်စွာပင် ထမင်းစားခန်းထဲပြေးဝင်ရသည်.။ Gun ကို သာ အာရုံရနေသည်မို့ ဘေးက တညီတညွှတ်ဦးညွှတ်ကြသည့်ကောင်မလေးများကို သတိမမူမိ.။

“Gun--ဘာဖြစ်လို့လဲ.”

“သား ခေါက်ဆွဲမစားချင်ဘူး.”

“အဟွန်း~~ မင်း ညီ က ဟိုဟာမစားသည်ဟာမစားနဲ့ ဒီမှာလာကြည့်ဦး  Oak ”

အပြုံးစွက်ကာ မရှိတော့သူကို လှမ်းအော်ခေါ်မိပြီးမှ သူ ရင်ထဲနင့်ခနဲဖြစ်သွားရသည်။အတူနေတာကြာခဲ့လေတော့ သံယောဇဉ်တို့ကအမြဲအမှတ်ရနေသည်ကိုး..။

“ဒီက အကိုလေးကို ကျွန်မတို့က ၀က်သားပေါင်းခေါက်ဆွဲလုပ်ပေးထားတာပါရှင့်။ သူလေးက ဟို ကျွန်မတို့လုပ်ထားတဲ့ ထမင်းစပ်ကြော်ကို စားချင်နေတာ.။တအားစပ်တာ ဗိုက်နာမှာ စိုးလို့ပါ..သူက ဖြူဖြူနုနုလေးဆိုတော့ ကျွန်မတို့က စိုးရိမ်လို့ပါရှင့်။ မကျွေးချင်လို့မဟုတ်ပါဘူး.”

ဝန်ထမ်းများထဲမှ နည်းနည်းရာထူးကြီးပုံပေါ်သည့် ကောင်မလေးက ပြာပြာသလဲ၇ှင်းပြသည်.။ Singto ရပါတယ်ဆိုကာ ပြုံးပြလိုက်၏။ပြီးတော့မှ Gun ဘေး ၀င်ထိုင်လိုက်သည်။

“မင်း ဗိုက်နာလိမ့်မယ် Gun ရဲ့ ။ဒါပဲ စား..”

“ဟင့်အင်း--သား မစားချင်ဘူး..အဲ့ဒါပဲ အဲ့ဒီ့အနီရောင်ပဲဆို..”

တမင်ဂျစ်တိုက်နေလေတော့ Singto ခေါင်းစားသွားသည်။ ချော့လည်းမရ ခြောက်လည်းရမည့်ပုံမပေါ်.။

“Gun က အနီရောင်လေးလိုချင်တာလား.”

“P”Arthit နိုးလာပြီလား.။နည်းနည်းပိုအိပ်တာမဟုတ်ဘူး.”

မျက်နှာသစ်ထားကစ ရှင်းသန့်နေသည့် မျက်နှာလေးဖြင့် အနားရောက်လာသူကို Singto ကထိုင်နေရာကနေထကာ ပါးထက် အနမ်းတစ်ချက်ပေးလိုက်တော့ ရှက်ရိပ်သမ်းသွားသည့်မျက်နှာလေးက မြတ်နိုးစဖွယ်။

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now