Part-22

4.4K 396 23
                                    

မနက်တိုင်းစောစောနိုးနေတတ်သည့် အကျင့်ကြောင့် မျက်လုံးပွင့်တာနှင့် Arthit နိုးလာသည်။ တစ်ယောက်ယောက်က တင်းတင်းကျပ်ကျပ်ဖက်ထားသလို ခံစားချက်ကြောင့်မနေ့ညကဖြစ်ရပ်ကိုတွေးကာ မျက်နှာဖြန်းခနဲပူတက်သွားရသည်။

သူ ဘာတွေ လုပ်ခဲ့မိတာပါလိမ့်..

ခေါင်းကိုအသာမော့ကြည့်လိုက်တော့ အိပ်မောကျနေသေးပုံရသည့် Singto..။ မှေးစက်နေသည့်မျက်ဝန်းတို့အောက်က မျက်လုံးတွေက ဘယ်လောက်တောင်ထက်မြက်လိုက်သလဲ.ပြီးတော့ ဘယ်လောက်တောင် ချောမွေ့လိုက်သလဲ.။အစစအရာရာ ထူးချွန်ပြည့်စုံသည့် Singto လိုလူက ပတ်ဝန်းကျင်ကောင်းကောင်းက မိန်းကလေးကိုရနိုင် ပါလျက်နှင့် အားလုံးစွန့်လွှတ်ကာ မဟူရာစံအိမ်မှာလာနေတာကိုကြည့်ကတည်းက ချစ်တတ်သူကြီးကို ဆပိုးတိုးရသည်။

“နိုးနေပြီလား P’Arthit.”

သူခိုးလူမိသွားသည်ကြောင့် Arthit တစ်ချက်ရယ်ပြလိုက်မိသည်။

“ချစ်စရာလေးကွာ ကျွန်တော့်ယောကျာ်းလေးက-”

ဖက်ထားသည်ကို ခပ်တင်းတင်းဆွဲယူလိုက်ကာ Arthit နှုတ်ခမ်းလေးထက် အချိန်ကြာကြာလေးဖိကပ်ထားလိုက်မိသည်။

မသိခဲ့ဘူး..ချစ်သူနှင့်နိုးထရသည့်မနက်ခင်းက ဒီလောက်ကြည်နူးစရာကောင်းမှန်း

မသိခဲ့ဘူး..ချစ်ခြင်းစွက်သည့်ပိုင်ဆိုင်မှုတွေနှင့် ကိုယ်သာ သက်ဆိုင်သူ ဟု အမှတ်အသားပြုလိုက်ရသည့် သူ့ပုခုံးလေးက နီညိုရောင်အမှတ်အသားတွေက ဒီလောက် ကြည့်လို့ကောင်းမှန်း…

“ဒီနေ့ရုံးသွားဦးမှာလား.”

“အင်း -သွားရဦးမှာ P’ ရော ဒီနေ့ဘာအစီအစဉ်ရှိလဲ”

“ငါ ရုံ့းချူပ်ကိုသွားဖို့လိုတယ်လို့ ဟိုနေ့က Off ကပြောတယ်..ဟို--Kit နေရာမှာ တာဝန်ယူပေးတာမျိုး..”

Singto သက်ပြင်းချလိုက်မိသည်။ ဖြစ်နိုင်ရင် Black Group နှင့်ပတ်သက်သည့် ဘာကိုမှ Arthit နှင့် မပတ်သက်စေချင်.။ပြီးတော့ ခု သူ စုံစမ်းနေသည့် Oak ၏ လူသတ်မှုအကြောင်းကိုလည်းပေးမသိချင်။ အခင်းဖြစ်စဉ်တွင်တွေ့ရသည့် ကားက Krist Perawat ၏ ကားဟု အတည်ပြုနိုင်လျှင် လက်ရှိဂိုထောင်ထဲတွင်ရှိနေသည့် ကားအပြာလေး၏ လိုင်စင်အတုပြုလုပ်ထားမှုတွေကို ရှာတွေနိုင်လျှင် အမှန်တရားကိုတော့ ရှာဖွေပေးနိုင်မည်မလား..။ Krist မရှိတော့စေကာမူ မတရားသေဆုံးခဲ့ရသူ Oak အတွက် အမှန်တရားကိုတော့ သူ ရှာဖွေဖို့လိုအပ်ပါသည်။

ချစ်​ခြင်းကို​စေ.......💓Dove le storie prendono vita. Scoprilo ora