Part-16

3.6K 383 20
                                    

“အဲ့တော့ မင်း သူနဲ့လက်ထပ်မယ်ပေါ့.”

“အင်း--”

“ငါနဲ့ခွဲနိုင်ပြီပေါ့.”

အပြုံးလေးစွက်ကာ မေးပေမယ့်Krist မျက်ဝန်းထဲက နာကျင်ရိပ်တွေ မြင်နေရသည်မို့ Arthit မျက်နှာလေးငယ်သွားသည်.။

“တူတူနေရအောင်လေ.။ငါတို့ အားလုံး တူတူနေရအောင်.။”

အဆုံးသတ်စကားက တိမ်ဝင်သွားသည်မို့ Krist ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်.။

“မဖြစ်နိုင်ဘူးဆိုတာ မင်းသိနေသားပဲ Arthit ရယ်.။ သူက ငါ့ကိုမုန်းနေတာမလား.။”

“ငါ အဲ့ဒါကို နားမလည်နိုင်ဆုံးပဲ.။ မဟုတ်တာကိုသူက ဘာလို့ အထင်မှားနေလဲမသိဘူး.။”

Krist သူ့ကိုကျောပေးကာ ပြတင်းပေါက်ဘောင်နားတွင် သွားရပ်လိုက်သည်.။
လရောင်က မဟူရာခြံထဲရှိပန်းပေါင်းစုံအပေါ် ဖြာကျသက်ဝင်လှပနေသည်.။လှမ်းမြင်နေရသည့် လူလုပ်ကန်ငယ်လေးကလည်း လရောင်အောက်တွင်တလဲ့လဲ့.။အရာအားလုံးအေးချမ်းဆိတ်ငြိမ်လှသည့်အချိန်တွင် krist စိတ်ထဲတွင်တော့ မအေးချမ်းနိုင်.။ သူ တစ်ခါတွေးဖူးပါသည်.။ ပူပန်မှုတွေ--စိတ်ဆင်းရဲမှုတွေ--ဖော်မပြနိုင်တဲ့နာကျင်မှုတွေ--အားလုံး --အားလုံးက -သူ သေဆုံးသွားရင် ကွယ်ပျောက်သွားနိုင်သည်ပဲ.။

သူ အမှန်တကယ်ပင် Oak ကိုသေစေခဲ့မိသည်ကိုတော့ဖြင့် တမင်သက်သက် Arthit စိတ်ဆင်းရဲအောင် ပြောမပြချင်တော့.။မည်သည်ကိုမျှမသိခြင်းဖြင့် သူ့ဘ၀လေးငြိမ်းချမ်းသာယာပါစေလေ…

“ငါနဲ့ သူ့ကိုသဘောတူမှာလားဟင်-”

“မင်း ချစ်တယ်မလား.။ မင်း ပျော်ရင်ပြီးတာပဲ.”

Arthit ဘက်လှည့်ကာ ပြောလိုက်တော့ ထိုင်နေရာကနေ ၀ုန်းခနဲထကာ လူကိုလာဖက်သည်.။ခါးကိုတင်းတင်းဖက်ရင်း တရှုံ့ရှုံ့ငိုသည်.။

“ကျေးဇူးတင်တယ်…။တောင်းပန်တယ်..Kit ရယ်..။တစ်ချိန်လုံးငါ့ကို စဉ်းစားပေးလို့.။ငါ့ကိုပဲ ဦးစားပေးခဲ့လို့”

“မင်းကငါ့ရဲ့ အရေးကြီးဆုံး သူ့ပါ Arthit ရယ်..”

ကျောပြင်ကိုပြန်လည်ပွေ့ဖက်ကာ အသာပုတ်ပေးလိုက်သည်.။Arthit ပျော်မှာပါ.။ Singto က တကယ်ချစ်သည့်ပုံမို့ သူ့ညီ ပျော်ရွှင်ရမှာပါလေ.။

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now