အပိုင်း(၁)အချစ်တစ်ခုနဲ့တွေ့ဆုံရသည်

18.3K 1K 35
                                    

Zawgyi

ဖုန်းscreen ပေါ်မှာပြေးလွှားနေတဲ့ စာတန်း...

အခန်းထဲမှာမီးကို မှိန်မှိန်လောက်သာ
ထွန်းထားပေမဲ့ အပြင်ကအလင်းကြောင့်
ထိန်လင်းနေပြန်သည်။

"why!!!!!!!!"

ဟိန်းထွက်လာတဲ့အသံကြောင့်
ကိုယ့်ပါးစပ်ကိုပြန်အုပ်လိုက်မိသည်။
ထိုစာသားကြောင့် စိတ်မကောင်းဖြစ်ရသည်။ဘာရယ်မဟုတ် apple store တွင် trending အနေနဲ့ပေါ်လာတဲ့ wattpad ဆိုတဲ့ app ကို ဒေါင်းလိုက်မိတယ်။

ဘာ app မှန်းကိုယ်ကမသိလို့ ကိုယ်က namjoon hyung ကိုမေးကြည့်တော့
အစ်ကိုတစ်ယောက်ပီသစွာနဲ့ သင်ကြားပို့ချပေးလိုက်တာကြောင့်
ကျတော်အခုဖတ်ကြည့်လိုက်မိသည်။

သေချာကြည့်မိတော့ ဒါဟာဆိုးရွားတဲ့အရာတခု...ပထမဆုံးဖတ်မိတဲ့ fic ကို ကျတော်ရှာမိတယ် ဘာမှန်းမသိ trending မှာပေါ်လာတဲ့တစ်ပုဒ်ကို ဝင်ဖတ်လိုက်မိတယ်။
ဖတ်မိလိုက်တဲ့ကိုယ့်အမှားတခုပဲဆိုရမလား။ပြန်ပြီး description ကို
သေချာပြန်ကြည့်မိတော့ boy love လို့ပဲဆိုရမလား

ဟုတ်တယ်။ ဒီခံစားချက်ကဘာလဲ။
ရင်ထဲကိုစို့တတ်လာတဲ့အရာ။
ဒီဇာတ်လမ်းထဲမှာ တစ်ယောက်နဲ့တစ်ယောက်က ခွဲခွာကြသွားတယ်ဆိုတဲ့ဇာတ်သိမ်းနဲ့သိမ်းထားလေးတာကြောင့်
ခံစားချက်မကောင်းတာဖြစ်မည်။
ဒီလိုဇာတ်လမ်းတွေသာဆက်ပြီးဖတ်မိနေမယ်ဆို ကြာကြာနေရမှာမဟုတ်
ဒါကြောင့် ဒီ app ကိုအမြန်ဆုံး uninstalled လုပ်ပြစ်လိုက်သည်။

ကျတော်က အနုပညာကောလိပ်က ဒုတိယနှစ် Park Jimin ပါ။
ကျတော်ကပထမနှစ်ကျောင်းစတတ်တဲ့နေ့မှာ Kim namjoon ဆိုတဲ့ hyung ကိုစသိကျွမ်းဝင်ခဲ့ရတယ်။ဒါနဲ့ namjoon hyung ရဲ့အပေါင်းအပါတွေပါသိခဲ့ရတယ်။ဖြစ်ချင်တော့
အနုပညာကိုလေ့လာချင်တဲ့သူတွေစုသွားခဲ့တာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ညီအစ်ကိုအရင်းလိုဖြစ်နေကြတော့ စုပြီးနေဖို့အစီအစဉ်ဖြစ်လာခဲ့တယ်

သိပ်မကြာခင်မှာ နောက်တစ်ယောက်
ကျတော့်တို့ရှေ့ကိုပေါ်လာခဲ့တယ်။
မဟုတ်ဘူး ခံစားချက်မရှိခဲ့ရင်သာမန်စကားပဲဆိုရမယ်။ အမှန်ဆုံးစာလုံးက
ကျတော့်ရှေ့ကိုပေါ်လာခဲ့တာပေါ့။
ထိုကောင်လေးနာမည် jeon jungkook တဲ့။

More And MoreWhere stories live. Discover now