Zawgyi
jimin နေပြန်ကောင်းလာပြီဖြစ်တာကြောင့်ကျောင်းပြန်တက်ဖို့ပြင်ဆင်နေရသည်။jungkook ကလည်း jimin ကိုဘေးကနေခြေတဖွားမှမခွာပင်။
ကိုယ်အလုပ်လုပ်နေကြောင်းအကျိုးအကြောင်းအကုန်ရှင်းပြလိုက်တော့ အစ်ကိုတွေရဲ့ဆူခံရတာအပြင်။jungkook ရဲ့စိတ်ဆိုးတာပါခံလိုက်ရသည်။
အခုစကားမပြော။မနက်ဆိုအခန်းထဲဝင်လာပြီးပွေ့ဖက်ပေးတဲ့သူကမရောက်လာတာနှစ်ရက်ပင်။
"ကျောင်းသွားမယ် မြန်မြန်"
အပြင်ကနေလှမ်းအော်လိုက်သည့် jin
"သွားမယ်လေ..!!!!"
"jimin မှမလာသေးတာ jungkook ရဲ့ခဏစောင့်လိုက်ဦး"
taehyungကပြန်ပြောလိုက်တော့ jungkook မျက်နှာကဟိုဘက်သို့လှည့်ထားပြီးဘာမှပြန်မပြောပဲနေလေခြင်း။
တံခါးဖွင့်ဖွင့်ချင်းမှာ long coat အရှည်နဲ့ကျောပိုးအိတ်ကိုလွယ်ထားသော jungkook ကိုတွေ့လိုက်ရသည်။
ဆူပုပ်နေသောအနေအထားကြောင့် သူ့နားသို့တိုးသွားတော့ သူကအရှေ့တိုးသွားသည်။
ဘေးက taehyung က jhope ကိုလက်ကုပ်ကာ ဟိုမှာ ဟိုမှာ ဆိုပြီး အသံတိတ်တွေနဲ့ပြနေကြသည်။
လေပြေသင်းသင်းလေးကလမ်းတစ်လျှောက်တွင်သင်းပျံ့နေသည်။သူ့ဘေးကကပ်ပြီးလိုက်သော်လည်းခွာခွာတဲ့သူ့ကြောင့်သက်ပြင်းချမိလိုက်သည်။
ကိုယ့်ကိုကျော်တက်သွားတာကြောင့်ခပ်မြန်မြန်လိုက်ရပြန်ပြီ။အိတ်ကပ်ထဲကိုလမ်းလျှောက်နေသော jungkook ကိုကြည့်ရင်းjiminအကြံရသွားလေသည်။
သူ့နောက်ကိုပြေးလိုက်ရင်းသူ့လက်ထည့်ထားတဲ့ညာဘက်အိတ်ကပ်ထဲသို့ကိုယ့်လက်ကိုထည့်လိုက်ရင်း အိတ်ကပ်ထဲကလက်ကိုဖမ်းဆုပ်လိုက်သည်။
ကိုယ့်လက်ကိုလာကိုင်သောသူ့ရဲ့လက်သေးသေးကြောင့်သွားနေတဲ့ခြေလှမ်းတွေကိုရပ်ပြစ်လိုက်ရင်းသူ့ကိုကြည့်လိုက်တော့
မျက်လုံးပျောက်သွားအောင်ရယ်ပြလေသည်။ဒါဟာလူကိုပျော့ညံ့အောင်လုပ်တဲ့နည်းလားjimin shi~~~
![](https://img.wattpad.com/cover/169006914-288-k961770.jpg)
YOU ARE READING
More And More
Fanfictionအချစ်ဆိုတာဖုံးကွယ်သင့်အရာမဟုတ်သလို၊ ဖွင့်ဟသင့်တဲ့အရာတခုလည်းမဟုတ်ဘူး။ သူ့အပေါ်ထားတဲ့မေတ္တာကြောင့်သူပျော်နေမယ်ဆို ကျတော်လည်းပျော်ရွှင်မှာပဲ။ ခံစားချက်ကိုဖွင့်ပြောဖို့သင့်တဲ့အချိန်အခါကိုရောက်ကောင်းရောက်နိုင်တယ်။ ဒါပေမဲ့ မျက်ကွယ်ပြုလိုက်ခြင်းဟာအကောင်းဆု...