အပိုင်း(၅)ပျော့ညံ့သူမဟုတ်ပါ

6.2K 724 19
                                    

Zawgyi

စာဆက်ပြီးမရေးနိုင်တာကြောင့်
ကျတော်ငိုချင်မိသည်။လက်ကယောင်
နေတာများလား။လက်ကို နည်းငယ်နှိပ်
ပေးသော်လည်း ကျင်တတ်လာတဲ့
ခိုက်ခဲမှုကြောင့် အဆင်မပြေပြန်။

အဆင်ပြေမှာပါ jimin...
ကိုယ့်အသံကိုအနည်းငယ်တိုးကာ
ရေရွတ်လိုက်မိသည်။

ဘေးသို့ jungkookကိုလှမ်းကြည့်သော်
လည်း စာကိုအာရုံစူးစိုက်ရင်းနားထောင်
နေသည်ပင်။

"ကဲ ဒီနေ့တော့ဒီလောက်ပဲ ရိုးရာဂီတနဲ့
ပတ်သက်ပြီးလာမေးချင်တာရှိရင်
ဆရာစီလာခဲ့"

Traditional music ဆရာသည်
အတန်းချိန်ပြီးဆုံးသွားတာကြောင့် အခန်းထဲကထွက်သွားခဲ့သည်။
တခြားသော ကျောင်းသား၊ကျောင်းသူ
တွေကလည်း အသီးသီးထွက်သွားကြပြီ
လေ။

ဒါပေမဲ့အခန်းထဲမှာ jimin နဲ့ Jungkook
နှစ်ယောက်တည်းသာကျန်ခဲ့သည်။

ကျတော် စာအုပ်ကိုအိတ်ထဲထည့်ဖို့လွယ်အိတ်ကိုယူလိုက်ချိန်မှာ လက်ရဲ့
နာကျင်မှုကြောင့် လွယ်အိတ်သည်
လက်ထဲကလွတ်ကျသွားပြီလေ။

ကိုယ့်လက်ကိုပြန်ဖိလိုက်တော့
ကျတော်ကို့လက်ကိုလာကိုင်တဲ့လက်
ကြောင့်မော့ကြည့်မိတော့ jungkook ပင်။

သူ့ကိုကြည့်နေရင်းလက်ထဲကလွယ်အိတ်ပြုတ်ကျသွားတာကိုတွေ့လိုက်ရကာ
ကျတော့်ခြေလှမ်းက သူ့ရှေ့ဆီသို့
ရောက်ရင်း ခုနထဲက လက်ကိုနှိပ်နေ
သည့် သူ့ကို လှမ်းကိုင်လိုက်မိတော့

ကျတော့်ကိုကြည့်လာသည့် မျက်ဝန်း
တွေမှာ မျက်ရည်စတွေဟာတွဲခို၍
ကပ်ပါလာပြန်သည်။

မျက်ရည်တွေသီးနေတဲ့ hyung ကြောင့်
ကျတော့်ရှေ့ဆက်တိုးဖို့အားအင်တွေ
မပေးပါနဲ့။

"jungkookie..."

တိုးတီးလွန်းတဲ့သူ့အသံကိုနားထောင်ရင်
ဘာတွေကိုအားအင်တွေမရှိတော့မှန်း
နားမလည်နိုင်ပါ။

"လက်ကဘာဖြစ်လာတာလဲ"

သူ့ရဲ့အေးစက်လွန်းလှတဲ့လေသံဟာ
ဘယ်တော့မှမပျောက်ပါ။ထိုလေသံကို
နှစ်သက်မိတဲ့ကျတော်က အရူးပင်။

More And MoreWhere stories live. Discover now