Zawgyi
လက်ထဲတွင်လစာလေးထုတ်
ထားသည့်ငွေထုပ်ကိုပိုက်ထွေးကာအိမ်
သို့ပြန်လာသည့် jimin။အခုဆိုအလုပ်လုပ်နေတာတစ်လနီးပါး
တောင်းရှိနေပြီ။မနက်ဖြန်အိမ်သို့ငွေလွှဲ
ရမည်။တဖြည်းဖြည်းကျတော်ကထိုသူငယ်ချင်း
အုပ်စုကနေရှောင်သွားသည့်နေ့ရက်တွေ
များလာခဲ့သည်။သူစိမ်းတွေလိုခံစားရသည့်ဝေဒနာက
တစ်စုံတစ်ခုကိုလက်လွှတ်လိုက်ရသလို
ပင်။ဒါပေမဲ့ကျတော်နဲ့သူမျက်နှာချင်းမဆိုင်
တော့ပါ။ကျတော်ကသူ့အတွက်ဘာမှ
မဟုတ်တဲ့သူတစ်ယောက်။ကျတော်မရှိရင်သူ့အတွက်အဆင်ပြေပေ
မယ့် ကျတော့်အတွက်ကတော့ အဆင်
မပြေနိုင်ပါ။ခေါင်းရဲ့တစ်ဆစ်ဆစ်ထိုးကိုင်းလာမှု
ကြောင့်မိုက်ကနဲဖြစ်သွားမိသည်။
အစ်ကို taemin ကလည်း ကျတော့်အ
တွက်ပြောရှာပါတယ်။အနားယူလိုက်ပါ။သို့ပေမဲ့အနားမယူချင် ကိုယ်ကအလုပ်
နားပြီးလခယူတာမျိုးလဲမဖြစ်ချင်မိပါ။ကိုယ့်အလုပ်မှာနေသားကျလာသည့်
အတွက်ဘယ်အရာကမဆိုဝန်ထုပ်တစ်ခု
လိုစိတ်ထဲမထားပဲလုပ်ပေးမိသည့်
ကျတော့်စိတ်ရင်း။ကျတော့်တို့အိမ်လေးကမဲမှောင်နေသော
ကြောင့် အကုန်သူအိပ်နေကြပြီထင်မိ
သည်။ကိုယ့်အခန်းကိုဝင်ကာ စားပွဲတင်မီးအိမ်
လေးကိုဖွင့်ရင်း အရင်ကလွတ်ခဲ့သည့်
ကျောင်းစာတစ်ချို့ကိုကြည့်မိသည်။ကျတော်အလုပ်လုပ်ထဲက စာနဲ့အတော်
ကိုဝေးခဲ့ပြီမှာအတော်ပင်။ကျောင်းကိုပုံမှန်တက်နေပေမယ့်လည်း
အရင်ကလိုမဟုတ်မှန်းသိသည်။
မေဂျာတူသည့်သူငယ်ချင်းသိပ်မရှိ။
ကိုယ့်ရဲ့အစ်ကိုတွေကလည်းတခြား
သောဘာသာရပ်ဖြစ်နေပြန်သေးသည်။ဒါပေမဲ့ jungkook နဲ့တူသည့်မေဂျာက
ကိုယ်နဲ့သူစကားမပြောဖြစ်တာကြောင့်
စာမေးလို့အဆင်မပြေပါ။လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်သည့်
jimin။ပြတင်းပေါက်ကလေးအေးအေး
နုနုလေးကြောင့် စားပွဲရှိစာအုပ်ရွက်
တွေကလှန်လှန်သွားသည်။
YOU ARE READING
More And More
Fanfictionအချစ်ဆိုတာဖုံးကွယ်သင့်အရာမဟုတ်သလို၊ ဖွင့်ဟသင့်တဲ့အရာတခုလည်းမဟုတ်ဘူး။ သူ့အပေါ်ထားတဲ့မေတ္တာကြောင့်သူပျော်နေမယ်ဆို ကျတော်လည်းပျော်ရွှင်မှာပဲ။ ခံစားချက်ကိုဖွင့်ပြောဖို့သင့်တဲ့အချိန်အခါကိုရောက်ကောင်းရောက်နိုင်တယ်။ ဒါပေမဲ့ မျက်ကွယ်ပြုလိုက်ခြင်းဟာအကောင်းဆု...