Zawgyi
ကျတော်ထိုအိမ်ကိုစရောက်တဲ့
နေ့မှာ ကျတော့်ရှေ့ကအိုးမဲလေးနဲ့jimin hyung ကိုစတွေ့ခဲ့တယ်။လူကလည်းသေးသည်။စကားပြော
ရင်လည်းလူချစ်အောင်ပြောတတ်သည်။သူ့ရဲ့အပြုံးလေးကြောင့်မို့တက်သွားတဲ့
ပါးပြင်လေးလည်းရှိသည်။နှုတ်ခမ်းသားထူထူလေးနဲ့ စကားပြောတဲ့အခါမှာ
ချစ်စရာအပြုအမူတခုပိုင်ဆိုင်သေး
သည်။သူ့ရဲ့ခေါင်းအစခြေအဆုံးထိမှတ်ချက်
ပေးနေမိသည်မှာကိုယ့်ကိုယ်မယုံနိုင်။
ကိုယ့်ရှေ့ကိုလက်ကမ်းပေးတဲ့လက်ကို
သေချာကြည့်နေမိသည်။ယောက်ျားလေးလက်သာဆိုတယ်
မိန်းကလေးရဲ့လက်ထက်တောင်သေးသည်။ ဖောင်းဖောင်းအိအိလေးဖြစ်နေတာကြောင့် နောက်ထပ် ချစ်စရာတခု
ပင်။ကိုယ့်ကလက်ဆွဲမနှုတ်ဆက်ဖြစ်တာ
ကြောင့်ဘေးက namjoon hyung ကစကားကိုကြည့်ကောင်းအောင်ပြောလိုက်တာတာမို့ သူကရှက်ရှက်နဲ့
ရယ်လိုက်တာလေးကိုတွေ့လိုက်ရသည်။ထိုအချိန်ကစပြီးနှလုံးသားရဲ့သော့ကို
မဖွင့်နိုင်အောင်သူနဲ့လွတ်အောင်ရှောင်
ရမည်။ ကိုယ်ကရှောင်ပြေးလေ
သူကလိုက်လာပြန်သည်။လွန်ခဲ့တဲ့ရက်ကဆောင်းရာသီရဲ့အငွေ့
အသက်သင်းပြန့်နေသည်။ကျောင်းဆင်းချိန်ဖြစ်တာကြောင့်လေးအေးတွေတိုက်
ခိုက်မှုကပို၍အေးလာစေသည်။ကိုယ့်စိတ်ကူးနဲ့ကိုယ်သာ ကျောင်းဝန်းကနေထွက်ဖို့ခြေလှမ်းတွေမြန်နေပေမဲ့
ခြေနှုန်းကိုနှေးသွားစေတဲ့မြင်ကွင်းလေး"အရမ်းလှတယ်"
နှုတ်ခမ်းဖျားကထွက်ကျလာတဲ့စကားက ရင်ကိုလှုတ်ခတ်သွားခဲ့သည်။
ဘေးကကျောင်းသူကျောင်းသားတွေက
jungkook ကိုကျော်တက်ကာ gate ဝကနေထွက်သွားသော်လည်းjungkook ကတော့ထိုနေရာကနေ
ခြေတလှမ်းတောင်မရွေ့ပါ။ ထိုနေရာကိုတဖြည်းဖြည်းလျင်းနီးကပ်စွာသွားနေတဲ့ jungkookဟုတ်ပါတယ်။လှတယ်လို့ ကဗျာနဲ့တင်စားရဖို့ဆိုတာ မိန်းကလေးအလှ
ထက် ကိုယ့်ရှေ့က jimin hyung ရဲ့အလှ။ဘယ်အချိန်ထဲကသစ်ပင်အောက်မှာ
အိပ်ငိုက်ပျော်နေတဲ့ jimin။
နက်မှောင်တဲ့ဆံကေသာက
လေပြေတိုက်ရင်တစ်ချက်တစ်ချက်
ပြန့်ဝဲသွားသည်။လည်ထောင်ရှည် အနွေးအင်္ကျီအမဲကို ဝတ်ဆင်ထားတာ
ကြောင့် သူ့ရဲ့အသားအရည်က
ပို၍ဖြူဥနေသည်။
YOU ARE READING
More And More
Fanfictionအချစ်ဆိုတာဖုံးကွယ်သင့်အရာမဟုတ်သလို၊ ဖွင့်ဟသင့်တဲ့အရာတခုလည်းမဟုတ်ဘူး။ သူ့အပေါ်ထားတဲ့မေတ္တာကြောင့်သူပျော်နေမယ်ဆို ကျတော်လည်းပျော်ရွှင်မှာပဲ။ ခံစားချက်ကိုဖွင့်ပြောဖို့သင့်တဲ့အချိန်အခါကိုရောက်ကောင်းရောက်နိုင်တယ်။ ဒါပေမဲ့ မျက်ကွယ်ပြုလိုက်ခြင်းဟာအကောင်းဆု...