Chapter - 5 🍁 နတ်သားလေးနှင့် ကျင်းလင် တွေ့ဆုံခန်း 🍁

10.5K 1.1K 36
                                    

Unicode
~~~~~~~~

နေရောင်ခြည် နုနုလေးများ ဖြာကျနေသည့် မနက်ခင်းရောက်မှသာလျှင် ယန်လီ အိပ်ယာမှ နိုးထလာခဲ့သည် ။ ၂၁ ရာစုမှလာသည့် ယန်လီသည် အိမ်ယာစောစောထရန်စိတ်ကူးပင်မရှိချေ ။ ဘယ်သူမှ လာနိုးခြင်း မရှိသောကြောင့်လဲပါမည် ။ ယခုသူထသည့်အချိန်ဟာလဲ မနက် ၈ နာရီပင်ရှိချေပြီ ။ ယန်လီ နှစ်ခြိုက်စွာ အိပ်ခဲ့ရခြင်းကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းလို့နေ၏ ။ အခန်းတံခါးဝကို ကြည့်ပြန်တော့လဲ ချူလဲ့ ရှိနေဟန်မတူ တိတ်ဆိတ်နေသည် ။

ဒီကောင်လေး ခရီးသွားရမည်ပြောပြီး သူ့ကိုလဲလာမနှိုးခြင်းကြောင့် ယန်လီအနည်းငယ်သံသယဝင်မိပေမဲ့ အမြန်ချုပ်တည်းလိုက်၏ ။ ချူ လဲ့ သူ့အနားတွင်မရှိတာဟာ ယန်လီအတွက် တစ်မျိုးကောင်းသည် ။ လွတ်လွတ်လပ်လပ်ဖြင့် သူနေချင်သလိုနေနိုင်သည်လေ ။ ချူ လဲ့ရှိနေလျှင် သူ၏ သခင်လေးယန်လီအတိုင်း တည်တည်ငြိမ်ငြိမ်နေရသည်က သူလိုဟိုစပ်စပ် ဒီစပ်စပ်လူအဖို့တော့ အလွန်ပင်ခဲရင်းလှသည် ။

ယန်လီကုတင်ပေါ်မှဆင်းရန် ပြင်လိုက်ချိန်တွင် ကြမ်းပြင်ထက်တွင် မြေခနေသည့် ချန်ရှန့် ( ဓား ) အားတွေ့လိုက်ရသည်နှင့် မျက်လုံးပြုံးသွားမိသည် ။ သူသေချာပေါက်မှတ်မိသည်က ဓားကို စားပွဲပေါ်တင်ခဲ့ခြင်းပင် ။ ခုတော့ ဓားသည် လူတကာသွားလာသည့် ကြမ်ပြင်ထက်တွင်ကျနေ၏ ။

ယန်လီအစစ်ကို ယန်လီ ထိုင်ကန်တော့ပြီးတောင်းပန်ချင်လာသည် ။ သူရခဲ့သည့်မှတ်ဉာဏ်အရ မူလယန်လီသည် သူ့ဓား ချန်ရှန့်အား ရတနာတစ်ပါးပမာ အထွဋ်အမြတ်ထားပြီး သယ်ဆောင်လေ့ရှိသည် ။ ယခုလို သူ့ဓားရတနာလေးအား ပြစ်စလက်ခက်ထားသည်ကိုမြင်လျှင် သူ့အားခေါင်းဖြတ်သတ်ပြီးလောက်ပေပြီ ။ ယန်လီ အမြန်ကုတင်ပေါ်မှဆင်းပြီး မြေခနေသည့် ဓား လက်ကိုင်ရိုးအား ဆွဲယူပြီးကောက်လိုက်သည် ။

" ချွမ် "

ယန်လီမျက်လုံးအစုံမှာ အံ့ဩလွန်း၍ ပြူးကျယ်သွားရသည် ။ အကြောင်းမှာ သူကောက်လိုက်သည့် ဓားရတနာသည် ဓားအိမ်နှင့်ဓား အိုးစားကွဲ၍ ယန်လီလက်တွင်းသို့ဓားပါလာပြီး ဓားအိမ်မှာ ကြမ်းပြင်ပေါ်သို့ ကျွတ်ပြီးကျန်နေခဲ့ခြင်းပင် ။ ပုံမှန်လူတစ်ယောက်ဆိုလျှင် ဒီအခိုက်အတန့်ကမပြောပလောက်ပေမဲ့ ယန်လီအတွက်ကတော့ လွန်စွာမှဆန်းကြယ်လှသည့် အဖြစ်အပျက်ပေ ...

🍁 ပြောင်းလဲခြင်းကံကြမ္မာ 🍁 ( ရှောင်ယန်လီ )Where stories live. Discover now